Unicode
°°°°°°°°°"အာ ဒါနဲ့လေ ဒီကနာမည်ကKim Junkyuလား?"
Junkyuစိတ်ထဲတွေးမိလိုက်သည် *အလယ်တန်းသာသာ ဂျပန်ကောင်လေးတစ်ယောက်ကသူ့ကိုသိနေတာလား* လို့။"မင်းကဘယ်နှစ်ခုနှစ်မွေးတာလဲ"
သူ့ကို ရွယ်တူသူငယ်ချင်းတစ်ယောက်လို တန်းတူလာဆက်ဆံနေတာမို့ ဘုဆတ်ဆတ်နဲ့မေးလိုက်သည်။"ကျွန်တော်လား? 01 Junkyuကကော?"
ကြည့် ကြည့် တွေ့လား။အကြီးကိုဆက်ဆံတဲ့ပုံတဲ့လေ။ မျက်ခုံးတစ်ဖက်ပင့်ကာ ပြန်မေးနေတာ ကိုယ့်သူငယ်ချင်းသာဆို ထရိုက်လိုက်ပြီ။"00born"
"ကဲ ဒါဆို ဒီနေ့အတွက်ကျေးဇူးပဲနော် ပြန်တော့မယ််"
"hai!onii!""Onii-chan!!!"
ဆိုင်ကထွက်ပြီး ၄လှမ်း၅လှမ်း လှမ်းပြီးတဲ့အခါ နောက်ဘက်ကအသံသေးသေးနဲ့အကောင်ပေါက်လှမ်းခေါ်နေတာမို့ တချက်လှည့်အကြည့် ပိုက်ဆံအိတ်တစ်အိတ်ကိုလက်မှာကိုင်ကာ ခြေဟန်လက်ဟန်တွေနဲ့ပြောနေတာနဲ့ ဂရုမစိုက်သလိုတစ်ဖက်ကိုပြန်လှည့်ပြီး လမ်းဆက်လျှောက်တော့ ဘေးကိုအပြေးလေးရောက်လာတဲ့ mashihoဆိုတဲ့အကောင်ပေါက်။"ဟောဟဲ ဟောဟဲ..Onii-chan!!! ကျွန်တော်ခေါ်နေတာကြားရက်နဲ့ ဘာလို့ပြန်မလှည့်လာတာလဲ?"
"ရော့ Oniiပိုက်ဆံအိတ်မလား?!"
"အာ ဆိုင်ကနေ လောလောလောလောနဲ့ထွက်လာလိုက်တာ ကျန်ခဲ့မှန်းမသိလိုက်ဘူး ကျေးဇူးပဲကွာ"
"ရပါတယ် သွားပြီနော်!"ပု"လုံး"လေးနဲ့ ချစ်စရာကောင်းတဲ့သွားလေးတွေပါပိုင်ဆိုင်ထားတဲ့ အကောင်ပေါက်။ဆိုင်ကိုပြန်သွားတော့ ပြေးနေတာများလုံး"လုံး"နဲ့ ကိုယ်သာသူ့ရည်းစားဆို ပြေးဖက်မိမှာ။သူ့ကိုရည်းစားတော်ရမယ့်သူကတော့ကံတော်တော်ကောင်းလို့ပဲ။
တွေးရင်းနဲ့ မာမားဆေးရုံကိုခဏလိုက်သွားကြည့်တော့ သူအခန်းပေါက်၀ရောက်တာနဲ့ မာမားကသူ့ဆီလာဖို့ခေါ်နေလေရဲ့။
"ဟယ် သားလေး မာမားရဲ့သားကြီးလေး မာမားဆီလာပါဦး!"
Junkyuလဲအခန်းပေါက်၀ကနေ မာမားဆီအပြေးလေးသွားတော့ မာမားကသူ့ဗိုက်လေးမဖိမိအောင် ရင်ခွင်ထဲဆွဲသွင်းကာ Junkyuခေါင်းလေးကိုဖွဖွလေးပွတ်ပေးနေ၏။"အား!!! ဗိုက် ဗိုက်!"
"ဗျာ မာမား သား သား ဗိုက်ကိုဖိမိလိုက်လို့လားဟင်!"
"မဟုတ်ဘူး သား! ဆရာ၀န်ကြီးတွေသွားခေါ်ပေး!"