UNTITLED : Episode 13

159 10 0
                                    


ချစ်သူဖြစ်လို့ ဒုတိယမြောက်နေ့။

"ဟျောင်း ဒီနေ့ကျွန်တော်တို့ဘယ်သွားကြမလဲဟင်?"
"အမ်..မာရှီကဘယ်သွားချင်လို့လဲ"
"coffee date ဒါပေမယ့် ကျွန်တော်ကကော်ဖီမသောက်လို့milk dateကြတာပေါ့"
"အာအီးဂူးးကောင်လေးကကော်ဖီမသောက်တတ်ဘူးပေါ့ ဟုတ်လား"
"ဟျောင်းနော်"

ခေါင်းလေးကိုပုတ်ရင်း ရင်ခွင်ထဲကနေလမ်းလျှောက်နေတဲ့ကောင်လေးကိုကြည့်တော့ သွားလေးတွေတန်းစီအောင်ပြုံးပြနေတဲ့သူ့ကောင်လေး။

ကျောင်းပေါက်၀နေတောက်လျှောက်စကားပြောလာရင်း မာရှီ့ကိုအခန်း၀ထိလိုက်ပို့ပေးပြီး အခန်းထဲအရောက်...

*ခွပ်!*

"ရား ကင်ဂျွန်ကယု!"
"မင်း မင်းတော်တော်ပဲနော် မင်းမို့လို့"

အထိုးခံလိုက်ရလို့သွေးထွက်လာတဲ့နှုတ်ခမ်းထောင့်ကိုလက်နဲ့ဖိရင်း..

"ဘာကိုလဲပတ်ဂျီဟွန်း"

ကျောင်းသားတွေအများကြီးရှေ့မှာထိုးခံရတာမို့ ရှက်စိတ်နဲ့အတူ ဒေါသကထောင်းကနဲ။

"ဘာကိုလဲဟုတ်လား မင်းမသိဘူးပေါ့တကယ် ဟက် "
"ဘာတွေပြောနေတာလဲပတ်ဂျီဟွန်း!မင်းရူးနေလား"

ကော်လံစကိုဆွဲရင်း လက်သီးကဂျီဟွန်းမျက်နှာနားအရောက်

"ငါမင်းကိုသဘောကျတယ် သဘောကျတယ်လို့ သိလား!!!ငါမင်းကိုဟိုးအရင်ကထဲကသဘောကျခဲ့တာ ပြီးတော့ငါထင်ထားခဲ့တာက မင်းလဲငါ့ကိုသဘောကျနေလိမ့်မယ်လို့လေ ဒါပေမယ့်ငါမှားသွားတာပဲ တကယ်ကိုယ့်အထင်နဲ့မခန့်မှန်းလိုက်သင့်ဘူး အားးးချီးပဲ!"

ကျောင်းခန်းထဲရှက်ရကောင်းမှန်းမသိ အော်ဆဲရင်းသူ့ကိုဖွင့်ပြောနေသည့်ပတ်ဂျီဟွန်းဆိုတဲ့ကောင်ကို ဘယ်လိုလုပ်ပေးလို့လုပ်ပေးရမှန်းမသိ..ဆွဲထိုးဖို့ရွယ်ထားတဲ့လက်တွေကိုပခုံးပေါ်ကနေရွှေ့ပြီး တင်း"ကြပ်"ဖက်ထားပေးလိုက်သည်။

ထို့အတူ တွန်းဖယ်လာတဲ့လက်တွေကြောင့် ကိုယ်ကခွာလိုက်တော့ ဘာမှထပ်မပြောတော့ပဲ လွယ်အိတ်ဆွဲပြီး ထထွက်သွားတဲ့သူ။

"ဟင်းးးး"

သက်ပြင်းချသံနဲ့အတူ နေရာလွတ်သွားတဲ့ဘေးခုံမှာလာထိုင်တဲ့yedam..

UNTITLED : MASHIHO X KIM JUNKYUWhere stories live. Discover now