UNTITLED : Episode 11

65 13 3
                                    

Unicode
°°°°°°°°°

"Konnichiwa!"
"ငါတို့ရဲ့musukoလေး အဆင်ပြေရဲ့လားအဲ့မှာ.. စာတွေဘာတွေကောလိုက်နိုင်ရဲ့လား။ လူများအနိုင်ကျင့်တာတွေကောခံရသေးလား။ကောင်မလေးနဲ့ရော အဆင်ပြေတယ်မလား။"
". . ."
အဖေကတစ်လက်စက်မေးနေတာတောင် မာရှီဟိုတစ်ယောက်စိတ်နဲ့လူနဲ့မကပ်နိုင်သေးပဲ ရင်တတုန်တုန်နဲ့တိတ်ဆိတ်နေမိသည်။
"ဟေ သား ဘာလို့တိတ်သွားတာလဲ"
မာရှီ့အဖေတစ်ယောက် ဖုန်းscreenကိုတချက်ပြန်ကြည့်ပြီး မချသေးဘူးဆိုကာမှ ပြန်ဆက်မေးလာသည်။

"ဘာလဲ ဘာအဆင်မပြေတာရှိလို့လဲ"
"ဟို...Tousan~သား သူနဲ့ပြတ်သွားပြီ"
"ဟေ!ဘယ်လိုဖြစ်ပြီးတော့လဲ ပြောစမ်းပါဦး!"
"သူကသားနောက်ကွယ်မှာ.."
"နောက်ကွယ်မှာဘာဖြစ်လဲ ဆက်ပြောလေ! !"
"တခြားတစ်ယောက်နဲ့တွေ့နေလို့...အဲ့တာ တစ်ခါထဲအပြီးပြောခဲ့လိုက်တယ် လမ်းခွဲဖို့"
"အာ..ငါ့သားပြတ်"သား"လုပ်ခဲ့တာပဲ တော်တယ် အေးပါကွာ နောက်သူ့ထပ်ကောင်းတဲ့မိန်းမတွေနဲ့တွေ့ဦးမှာပေါ့ ငါ့သားကလူကောင်းပဲ ကောင်းတဲ့သူနဲ့တွေ့ရဦးမှာပေါ့!"
"ဟုတ်ပါရဲ့နော် ဒါနဲ့Okaasanကော"
"မင်းအမေလား အိပ်သွားပြီလေ"
"အစောကြီးလား"
"အင်းပါ"
"စာတွေလဲလိုက်နိုင်ပါတယ် တိုက်ခန်းကတော့ပြောစရာမလိုအောင်ပဲလေ အနိုင်လဲအကျင့်မခံရပါဘူး သားအသိတွေရှိတယ်လေ အေးဆေး ပြီးတော့နေလဲကောင်းပါတယ် Tousanလဲနေကောင်းတယ်မလား?"
"ဟုတ်ဟုတ် အဲ့တာဆိုဒါပဲနော် အဖေလဲအိပ်တော့လေ"

Ti.Ti.Ti...

ဖုန်းကျသွားတော့မှ တစ်နေ့တာအဖြစ်အပျက်တွေကိုပြန်စဥ်းစားရင်း အိပ်ယာပေါ်ပစ်လှဲလိုက်သည်။

"ဟူး ဘ၀ကြီးကမလွယ်လိုက်တာ"
________________
နောက်တစ်ရက် မိုးလင်းတာနဲ့ အိပ်ယာထဲကနေ ကမမ်းကတမ်းထ မျက်နှာသစ်ရေမိုးချိုး ပြီးတာနဲ့ ရေခဲသေတ္တာထဲက နွားနို့တစ်ဗူးနဲ့ ပေါင်မုန့်တစ်လုံးကိုယူပြီး ကျောင်းကိုအမြန်ပြေးတော့သည်။မဟုတ်ရင် အတန်းချိန်နောက်ကျလို့ ဆရာအပစ်ပေးတာခံရတော့မှာ။

စဥ်းစားထားတာနဲ့ လုံး၀ကွက်တိ။အတန်းချိန်မမှီတော့ဘူး။

ကျောင်းခန်းရှေ့မှာ ကျောင်းနောက်ကျတဲ့သူတွေကို အပစ်ပေးဖို့ ဆရာကအသင့်စောင့်နေတာမို့ တချက်ရယ်ပြပြီး ခြေလှမ်းထပ်လှမ်းဖို့ပြင်တော့...

UNTITLED : MASHIHO X KIM JUNKYUWhere stories live. Discover now