Unicode
°°°°°°°°°mashiတစ်ယောက် ဒီနေ့ကျောင်းမသွားခင် လန်းဆန်းနေအောင် မနက်စောစောထပြီး သူတို့အိမ်နဲ့နီးတဲ့ဘောလုံးကွင်းမှာပတ်ပြေးဖြစ်သည်။ မောလာသည်နှင့် အိမ်ကိုပြန် ရေမိုးချိုးပြီး ကျောင်းသွားဖို့ပြင်ဆင်နေရင်း
"mashi သားရေ မနက်စာစားလို့ရပြီနော် မြန်မြန်လုပ်"
"hai okaasan!"အောက်ရောက်တော့ otousanနဲ့okaasanကသူ့ကိုစောင်နေသည်ထင် သူရောက်လာတာနဲ့မနက်စာစားကြသည် ပြီးတာနဲ့ကျောင်းကိုotousanရဲ့driverဦးလေးကကျောင်းကိုလိုက်ပို့ရင်းကျောင်းအ၀င်ပေါက်ရောက်တော့ ကားလေးကိုလမ်းဘေးကပ်ရပ်ကာ
"သား ဦးလေး ညနေဒီနားမှာပဲလာကြိုမယ်နော်"
"ဟုတ် ဦးလေး"ပြီးတာနဲ့ ကျောင်းထဲ၀င်တော့မယ်ဆိုရုံရှိသေး Junghwanကဘေးကနေရုတ်တရက်ရောက်လာပြီးပခုံးကိုလှမ်းဖက်တာကြောင့် လူကလန့်ပြီးတုန်ကနဲ။
"wuri Junghwannie Oniiကမင်းထက်ကြီးတယ်နော် ပခုံးမဖက်ရဘူးလေ"
"Oniiကလဲ ဒီတိုင်းဖက်လိုက်မိတာကို ဟွန့်"
ဆူပုတ်နေပြန်တော့လဲ ပြန်ချော့ရတာကmashiပါပဲ။"ကဲကဲ သွားတော့ ကိုယ့်အတန်းကို"
"အင်းပါ သွားမှာပါ!"
"အောင်မာ ဒီကလေးကတော့ငါ့ကိုမကြောက်ဘူးပေါ့ ပြန်ခံပြောနေတာများ"ပြောရင်းဆိုရင်းခေါင်းကိုတစ်ချက်လောက်နာနာခေါက်ပေးလိုက်သေးသည်။mashiလဲအတန်းထဲရောက်တော့ဟိုကြည့်ဒီကြည့်နဲ့စာအုပ်ထုပ်လိုက်ခေါင်းကုပ်လိုက်လုပ်နေတုန်း Yoshiနဲ့Rutoတူတူရောက်လာပြီး
"Mashi!ဘာဖြစ်နေတာလဲ"
"ဟို ငါညကစာလုပ်ရင်းassignmentစာအုပ်ကုတင်ပေါ်မှာကျန်ခဲ့လို့"
"ဪ အဲ့တာများmashiရယ် လာ သွားရအောင် အတန်းလစ်ကြမယ်"
"Ruto မဖြစ်ဘူးနော်"
"ဘာလို့လဲ"
"ဆရာမိသွားရင်ဘယ်လိုလုပ်မလဲ"
"ဒီကောင်..အတန်းလစ်ပါတယ်ဆို မမိအောင်နေမှာပေါ့ လာစမ်းပါ" လက်ကနေဆွဲပြီးခေါ်လာတော့အလိုက်သင့်လေးပါလာသည် အတန်းထဲမှာနေပြီး စာအုပ်မပါလာလို့ဆိုပြီးဆရာဆူတာလဲခံချင်တာမဟုတ်ပဲနဲ့။ Yoshiကဘယ်မှာကျန်ခဲ့လဲဆို သူကနေခဲ့တယ်လေ စာထက်အရေးကြီးတာဘာမှမရှိဘူးလို့မှတ်ထားတဲ့သူဆိုတော့နေခဲ့တာပေါ့အတန်းထဲမှာပဲ။သူတို့ထွက်လာရင်း ကျောင်းရဲ့အားကစားခန်းမထဲမှာဂျူနီယာလေးတွေ besketballဆော့နေတာတွေ့တော့ ၀င်ထိုင်ကြည့်နေရင်း
"mashi ဟိုမှာအကောင်ပေါက်လဲပါတယ်"
သူကြည့်လိုက်တော့ ဟုတ်ပါသည် Junghwannieလေး ဘယ်ဆိုးလို့လဲဒီလိုဆိုတော့လဲ ဒီကောင်လေးကbesketballဆော့နေတာမိုက်လိုက်တာ။ အဲ့တာကြောင့် သူ့ကိုကောင်မလေးတွေ၀ိုင်းနေတာလဲမထူးဆန်းတော့ပါဘူး...။gamerလေးလဲဖြစ် အရပ်ကလဲရှည် ချောကလဲချောသေး အသားကလဲဖြူ အင်းးအခုလိုbesktballဆော့နေတော့ ကောင်မလေးတွေကပစ်ကြွေနေတော့တာပေါ့။
"mashiho!!!!"
"ဟမ် ဟမ် ဘာလဲ?"
"ဘယ်တွေစိတ်ရောက်နေတာလဲ ငါဒီလောက်ခေါ်နေတာကို"
"အာ မဟုတ်ပါဘူး ဒီတိုင်းအတွေးလွန်သွားလို့ပါ"
"အဟမ်း မင်းနော်"
"ဘာလဲ ဘာလဲ!!"
"မင်းကွာ ကျောင်းတက်နေတာတောင်ကောင်မလေးအကြောင်းပဲတွေးနေတာလား!"
"ဟားဟား မဟုတ်ပါဘူးကွာ"
"အေးပါ မင်း.."