Unicode
°°°°°°°°°ဒီနေ့ကတော့Junkyuတို့ရဲ့နောက်ဆုံးစာမေးပွဲရက်။
Junkyuတစ်ယောက်စာဖြေပြီး paperထပ်ပြီးတာနဲ့ အတန်းဆင်းတာစောင့်ရင်း ခဏ လက်နှစ်ဖက်ယှက်ထားတဲ့အပေါ်ကို ခေါင်းတင်ကာမှောက်အိပ်လိုက်သည်။၅မိနစ် ၁၀မိနစ်အကြာမှာ bellတီးသံကြားတော့ လွယ်အိတ်လွယ်ပြီးအခန်းပြင်ထွက်လာရင်း ကျောင်းရဲ့ထွက်ပေါက်ကိုရောက်တော့ သူ့ကိုစောင့်နေတဲ့သူငယ်ချင်းအုပ်စုကိုတွေ့တာနဲ့အမြန်လေးပြေးလာခဲ့လိုက်သည်။ ကျောင်း၀န်းထဲကထွက်လာတာနဲ့ သူ့ကိုပြေးဖက်တဲ့သူငယ်ချင်းအုပ်စုကြောင့် လူကအင့်ခနဲ။"ဟျောင့်တွေ မင်းတို့ဖြေနိုင်ကြတယ်မလား?"
"ဒါပေါ့ ငါတို့ကဘယ်သူတွေမို့လို့လဲ ဖြေနိုင်တာပေါ့"JunkyuအမေးကိုYedamကပြန်ဖြေသည် ကျန်တဲ့၃ယောက်ကတော့ ဟုတ်တယ် ဆိုတဲ့သဘောမျိုးနဲ့ခေါင်းတညိမ့်ညိမ့်ပင်။
"ပြီးတော့ ငါမနက်ဖြန်သွားတော့မယ်ဂျပန်ကို"
"အင်း.."ဘယ်သူ့ဆီကမှအသံထပ်မထွက်လာခဲ့ပါ။သူတို့လဲစိတ်မကောင်းဖြစ်နေကြတာနေမှာပေါ့။ ခဏလေးသွားတာဆိုပေမယ့် ပုံမှန်ဆို စာမေးပွဲပြီးတာနဲ့သူငယ်ချင်းတွေစုပြီးလျှောက်လည်နေကြမှာလေ။ အခုတော့ တစ်ယောက်ကဂျပန်အလည်သွားမယ်ဆိုတော့ သူ့တို့၄ကောင်ဘယ်စိတ်ကောင်းမလဲ။
"ကဲ ကဲ မင်းတို့တွေအဲ့လောက်ဖြစ်မနေကြနဲ့ ငါလဲပြန်လာမှာပါ တစ်ပတ်လောက်ပါပဲ မင်းတို့ရုပ်တွေအဲ့လို့ဖြစ်နေမှတော့ ငါသွားရတာဘယ်စိတ်ဖြောင့်မလဲ နော့"
"ဟင့် Junkyu yrrr~"
"ဟာ Park Jihoon!ဟေ့ကောင် မင်းကအစအဲ့လိုလုပ်နေမှတော့ ငါမသွားပဲနေလိုက်ရမလား"
"မဟုတ်ပါဘူး သွား မင်းဟာကတစ်ပတ်ပဲလို့သာပြောပေမယ့် ပိတ်တာကလဲတစ်ပတ်ထဲကိို"
"အဲ့တာဆို ငိုမဲ့မဲ့ကြီးလုပ်မနေနဲ့ ရုပ်ဆိုးတယ်"
"ဂဲရ်...!!!မင်းကလေ သူငယ်ချင်းလေးတစ်ယောက်ရှိတာဘယ်တော့မှကောင်းကောင်းမပြောဘူး"
"မင်းကကော ကောင်းကောင်းပြောဖူးလို့လား!"
"ကဲကဲ တော်ကြပါတော့ ကလေးတွေလဲမဟုတ်ပဲနဲ့ အဲ့လောက်စမနေနဲ့Junkyuလဲ၊ Jihoonလဲငိုမနေနဲ့ မင်းဟာကအလည်ပဲသွားမှာ အရမ်းမပိုနဲ့"