Unicode
°°°°°°°°°Supriseလုပ်ဖို့နေနေသာသာ ကြားလိုက်ရတဲ့စကားကြောင့် လူမှာသွေးတက်ပြီးမသေတာကံကောင်း။
မနေ့ကကျောင်းပြန်ခံနီး လူကိုယ်တိုင်တွေ့ပြီး ကိုယ်တိုင်နားနဲ့ကြားခဲ့ရတဲ့စကားတွေဆိုတာ ခုထိမယုံနိုင်သေး။
မာရှီဟို ကျောင်းပထမဆုံးတက်တဲ့နေ့က အားလပ်ချိန် canteen၌...
"Nuna yrr~"
"အင်း မောင် ပြောလေ?"
"ကျွန်တော်တို့ ညနေကျောင်းပြန်ရင် dateရအောင်လေ နော်"
"ကျွန်တော်စောင့်နေမယ်လေ"
"စာလုပ်ရအုံးမယ်မောင်ရဲ့ ပြီးတော့ အချိန်ပိုင်းရှိသေးတယ်လေ"
". . ."
"နောက် တစ်ပတ်အားလပ်ရက်ကြdateမယ်လေ မောင်ကလဲ နော် mwah!"ကောင်လေးတစ်ယောက်ရဲ့ပါးကိုဖြတ်ကနဲနမ်းပြီး ထထွက်သွားတဲ့သူ့ကောင်မလေး။အာ မဟုတ်ဘူး အရင်ရည်းစား။
ထို့နောက် သူကျောင်းပြန်တော့ အချိန်ပိုင်းအလုပ်ကိုလိုက်သွားခဲ့ပေမယ့် ဆိုင်ထဲမှာ Junkyu hyungတို့သူငယ်ချင်းအုပ်စု မုန့်စားနေကြတာမို့ အရှက်မကွဲချင်တာနဲ့ နောက်မှရှင်းရမည်ဟု ကြိမ်းရင်းပြန်လာခဲ့သည်။
Koreaဘာသာကို ဆက်လေ့လာရင်း ကျောင်းစာကိုလဲတဖက်ကပြန်သင်ကာ ဉာဏ်ရည်အကောင်းကြီးမဟုတ်သော်ငြားလည်း စာနဲ့ပတ်သတ်ရင် Mashiကမှတ်လွယ်တာမို့ သိပ်တော့ခက်ခက်ခဲခဲကြီးဖြစ်မနေ။
တစ်ညလုံး ကျောင်းစာကို လုံးလည်ချက်ပြားလိုက်အောင်လုပ်ရင်း စိတ်ညစ်ညစ်နဲ့အိပ်လိုက်တာ ဘယ်အချိန် မိုးလင်းသွားမှန်းတောင်မသိလိုက်။နိုးလာတော့ စာကြည့်စားပွဲပေါ်မှာ ခေါင်းတင်ပြီးအိပ်ပျော်နေသည့်မာရှီဟို။
____________
•Time Skip•"ဟို ဒီအခန်းထဲမှာ Hikarai Sukoရှိလားမသိဘူး?"
"ဟမ် ဘယ်သူလဲ ဪ ဂျပန်မလေးလား!"
"Han Seo Yun shii! နင့်ကိုလာရှာတယ်"
ကောင်မလေးတစ်ယောက်လှမ်းခေါ်ပေးတော့ ခဏအကြာသူတွေ့ချင်လှပါချီရဲ့ဆိုတဲ့ ကောင်မလေးထွက်လာသည်။ထို့နောက်.."ဟင် shiho!ဘယ်လိုလုပ်.."
"လိုက်လာခဲ့"
__________
ကျောင်းအားကစားခန်းမထဲ၌....လူလဲရှင်းနေသည်မို့ ဖြစ်နေတဲ့ကိစ္စကိုဖြေရှင်းဖို့ အဆင်ပြေသောနေရာပင်ဖြစ်သည်။ထို့နောက် Mashiကပဲစကားကိုစလိုက်ကာ..