•Unicode•"ကိုကို!"
"..."
"ကိုကို~"
"ကိုကို!!ဒီကိုကြည့်ဦးလို့!""ကြည့်ပါပြီဗျာ ကိုကိုနားမကန်းသေးပါဘူးဘေဘီရဲ့"
"ဟွန့် နားသာမကန်းတာ ကိုကိုကသူများခေါ်တာတောင်မကြည့်ပဲနဲ့များ!"Junkyu online gameဆော့ရင်း ဘေးနားကတကြော်ကြော်ခေါ်ပြီး ဂျီကျနေတဲ့ ကောင်လေးကြောင့် ပေါင်ပေါ်အသာလေးဆွဲတင်ကာ နောက်ကသိုင်းဖက်ပြီး လက်နှစ်ဖက်ရှေ့ထုတ်ရင်း ဖုန်းကိုင်ကာ ဂိမ်းဆက်ဆော့နေလိုက်သည်။
ဒီလိုဆိုတော့လဲ သူ့အကောင်ပေါက်လေးကတိတ်သွားသားပဲ။
မကြည့်ပဲနဲ့တောင် Mashiတစ်ယောက် နှုတ်ခမ်းကြီးဆူပြီး စိတ်ကောက်နေပြီဆိုတာသိတာမို့ ဂိမ်းဆော့နေရင်းတန်းလန်း Mashiပခုံးပေါ်မေးတင်ကာ ဖောင်းနေတဲ့ပါးလေးကိုအသာနမ်းရင်း မနေနိုင်မထိုင်နိုင်ကိုက်မိတော့ ဟိုဘက်ကရန်တွေ့တာကိုခံရလေရဲ့။
"ဒီမှာအကိုကြီး!သူများကိုပိုင်စိုးပိုင်နင်း အဲ့လိုပဲလုပ်လို့ရသလား!"
"ဂိမ်းဆော့ရင်လဲကောင်းကောင်းဆော့လေဗျာ!!"
"လုပ်လို့ရတာပေါ့ ကိုယ့်ကောင်လေးကို ပြီးတော့ကိုကိုကချစ်လို့လေ ဒီလောက်လေးနမ်းတာတောင် မကြိုက်ရင် တခြားဆိုဘယ်လိုလုပ်မလဲ"
"အဲ့တာဆို ကိုကိုကခွေးလား!"
"ဟော ပြောသားပဲ ကိုကိုကချစ်လို့ပါဆို အခုကအသည်းယားလို့ ခင်ဗျားလေးကအဲ့လောက်ထိချစ်ဖို့ကောင်းနေတာကိုး"
"နေပါဦး ခုနကပြောတာဘာ?"
"ဘာကိုလဲကလေးရဲ့?"
"ဒီလောက်လေးနမ်းတာ-ဘာဖြစ်တယ်ဆိုလဲ နောက်ကဘာဆက်ပြောလိုက်တာလဲ"
"ချစ်လို့ဆိုတာလား?"
"မဟုတ်ပါဘူး!အာ သိပြီ ဒီလောက်လေးနမ်းတာတောင်မကြိုက်ရင်တခြားဆိုဘယ်လိုလုပ်မလဲဆိုတာ!"
"ဪ အဲ့တာဘာဖြစ်လို့တုန်း?"
"ဘာ!ကိုကိုနော် အခုကတည်းကအဲ့လိုတွေပြောတတ်နေပြီပေါ့ ဟုတ်လား"
"ဘာကိုတုန်းကလေးရဲ့ ကိုကိုပြောတာ ကလေးကပါးလေးနမ်းတာတောင်ကိုကို့ကိုပြန်စွာနေရင် နှုတ်ခမ်းကိုသာနမ်းလိုက်မိရင် ဘယ်လောက်တောင်သောင်းကျန်မလဲလို့ပါ"
"ဘာ!!ဒီမှာကိုကို ကိုကိုကသူများခေါ်တာလဲ လှည့်မကြည့်ဘူး လှည့်ကြည့်တော့လဲ အရေးမလုပ်ဘူး အခုအရေးလုပ်တော့လဲ သူများကိုပြန်မချော့တဲ့အပြင် အခုလိုတွေပါပြန်ရန်တွေ့နေတယ်ပေါ့"
"ဟောဗျာ ကိုကို့ကိုရစ်နေပြန်ပြီ ဒီကောင်လေးတော်တော်ဆိုးနေတယ်ဟုတ်လား!"