Unicode
°°°°°°°°°ရင်တစ်ခုန်ခုန်နဲ့စောင့်ရင်းပင် ထိုနေ့ကိုရောက်လာလေပြီ။
ရင်တွေတုန်လွန်းလို့ မနက်အစောကြီးနိုးနေသည်အထိ။မနေ့ညကတည်းက ကျောင်းသွားဖို့ရင်တစ်ခုန်ခုန်နဲ့ လွယ်အိတ်ထဲ အတန်းချိန်ပါသည့် စာအုပ်တွေနဲ့ လိုအပ်တဲ့ စာရွက်စာတန်းတွေကိုထည့်ကာ အိပ်လို့မပျော်တဲ့မျက်လုံးတွေကို အတင်းမှိတ်ရင်း အိပ်ပျော်အောင်အိပ်ခဲ့ရသည်။
ကျောင်းမှာ Sukoတစ်ယောက်သူ့ကိုမြင်တာနဲ့ supriseဖြစ်သွားမည်ဟု ယုံကြည်ထား၏။မဟုတ်ဘူး လုံး၀ကိုsupriseဖြစ်သွားမှာ။
At Seoul National University :
ပါးစပ်ပင်မစိနိုင်အောင် ကျောင်း၀န်းကြီးကကျယ်၀န်းလှပြီး မှန်တွေအပြည့်နဲ့မို့ လက်တွေ့မှာ တကယ်ဖြစ်နေသည်ဆိုတာ ယုံချင်စရာတောင်မရှိလှ။
စိမ်းစိုနေတဲ့ မြက်ခင်းပြင်နဲ့အတူ ကျယ်ပြန့်လှသောဘောလုံးကွင်းကြီးတစ်ခု။
အတော်အသင့်ကျယ်၀န်းနေတဲ့ ကားပါကင်ရယ်။
ကျောင်းကြီးရဲ့နောက်ဘက်အခြမ်းမှာ ရေလှိုင်းပြပြလေးတွေနဲ့အတူ စီးဆင်းနေတဲ့ ရေတံခွန်အသေးစားလေးတွေနဲ့ ရိုးရှင်းလှတဲ့ သစ်သားတံတားလေးတစ်စင်း။
outside viewနဲ့တင် တော်တော်လေးလှနေပြီမို့ ကောင်မလေးကြောင့် လာခဲ့ရတာမဟုတ်ရင်တောင် ဒီအတိုင်းကျောင်းလာတက်ရင်ကိုပဲ အထူးတလည်နောင်တရနေမှာမဟုတ်။
သူတက်မယ့် Art & Humanities Majorဘက်ကိုလမ်းလျှောက်သွားရင်း သူနဲ့အတူ လမ်းတဖက်ကနေလာနေတဲ့Oniiတို့ကိုမြင်တော့ ရုတ်တရက် စိတ်ကကြောင်တောင်နိုင်စွာ ရပ်ကြည့်နေမိသည်။
ထို့အတူ Social sciences majorမှာတက်နေတဲ့ သူ့ရည်းစားလေးဟာလဲ တစ်ဖက်လမ်းကလျှောက်လာတဲ့ Oniiတို့နောက်မှာ သူ့သူငယ်ချင်းတွေနဲ့အတူ ကပ်လျက်ပါလာတာမို့ အတန်းချိန်ကလိုသေးပေမယ့် professorရုံးခန်းကိုလဲ ရှာရအုံးမှာဖြစ်တာကြောင့် oniiတို့ကိုပြေးနှုတ်ဆက်ချင်ပေမယ့် ကောင်မလေးမမြင်အောင်နေရမှာမို့ ပုန်းပြီးအကွယ်ကနေ ရုံးခန်းကို သွားရတော့သည်။