Unicode
°°°°°°°°°အချိန်မတူ နေရာလဲမနီးပဲ ကိုယ်ပိုင်အကြောင်းတစ်ခုနဲ့ဂျပန်မှာနေဖြစ်ရင်းပထဆုံးချစ်မိခဲ့တဲ့လူသားလေးကိုတွေ့ဖြစ်ခဲ့တဲ့ကိုရီးယားကောင်လေးရယ် လက်ရှိချစ်သူကောင်မလေးကြောင့်နဲ့ကိုရီးယားထိကျောင်းပြောင်းပြီးနေထိုင်ခဲ့တဲ့ဂျပန်ကောင်လေးတစ်ယောက် ။
Takata Mashiho
□ ဖေဖေနဲ့မေမေရဲ့အချစ်တွေကို အပြည့်အ၀ပိုင်ဆိုင်ထားတဲ့တစ်ဦးတည်းသောသားလေးမာရှီ တက္ကသိုလ်ဒုတိယနှစ်တက်နေပြီး အမြဲအလိုလိုက်ခံရတဲ့ကောင်လေး သူဖြစ်ချင်သမျှဆန္ဒတွေကိုဖြည့်ဆည်းပေးဖို့ သူငယ်ချင်း၄ယောက်လဲရှိသေးသည်။Kotetsuဆိုတဲ့ငယ်ငယ်လေးထဲကမွေးထားတဲ့ခွေးလေးကလဲသူ့ရဲ့အချစ်တော်လေးပေါ့ မာရှီ့မေမေကမျိုးနဲ့ရိုးနဲ့ကြွေအိုးလုပ်တဲ့ကုမ္ပဏီကိုဆက်ခံခဲ့ပြီးယခုလက်ရှိမှာလဲ ချမ်းသာတဲ့စာရင်း၀င်မှာသူမပါသည်။။မာရှီ့ဖေဖေကတော့ ရိုးရိုးသာမန်လူတန်းစားကနေမွေးဖွားလာတဲ့လူတစ်ယောက် သို့သော်မာရှီ့ဖေဖေရဲ့ကြိုးစားမှုနဲ့ ယခုလက်ရှိမှာတော့M companyကိုတည်ထောင်နိုင်ခဲ့တဲ့Takataသူဌေးတစ်ယောက်ပင်ဖြစ်နေလေပြီ ။ မိသားစုပြသနာဘာအရှုပ်အရှင်းမှမရှိတဲ့ မာရှီဟိုကတော့အားလုံးရဲ့အချစ်ခံသူဌေးသားပေါက်စလေးပေါ့...Kim JunKyu
□ တစ်ဦးတည်းသောသားလေးအဖြစ် မွေးဖွားခဲ့ပြီး သူ့ကိုမွေးပြီးသူ့အသက်၆နှစ်အရွ
ယ်မှာဂျွန်ကယုမေမေဟာ ရောဂါနဲ့သေဆုံးခဲ့ရတယ်။မေမေဆုံးပြီး၁၀နှစ်အကြာမှာ ဒယ်ဒီနောက်မိန်းမယူတော့မယ်ဆိုတဲ့သတင်းကြားလိုက်ရတော့ ဘာဆိုဘာမှမလုပ်ချင် သူ့အတွက်ဘာတစ်ခုမှမရှိတော့ဘူးလို့ခံစားခဲ့ရပေမယ့် အဲ့အချိန်သူ့ရဲ့အခင်ရဆုံး အရင်းနှီးဆုံး သူငယ်ချင်းလေးရဲ့အားပေးမှုကြောင့်နဲ့အရာရာကိုမျက်စိမှိတ်အားတင်းပြီးရှေ့ဆက်လျှောက်ဖြစ်ခဲ့တယ်။ဒယ်ဒီ့ကိုလဲအပြစ်မပြောရက်ဘူး မေမေလဲဒယ်ဒီစိတ်ညစ်ပြီးသူ့ကိုယ်သူအပြစ်တင်ပြီးနေသွားရမှာကိုမေမေလဲမြင်ချင်မှာမဟုတ်တော့ သူ့ကိုလဲသေချာဂရုမစိုက်ပေးဖြစ်တဲ့ဒယ်ဒီကိုမတတ်နိုင်တဲ့အဆုံး ခွင့်လွှတ်ပြီး ဒယ်ဒီယူမယ့်မိန်းမကိုတွေ့ကြည့်တော့ အဆင်ပြေပါတယ် အသက်၁၆နှစ်အရွယ်ရှိနေပြီဖြစ်တဲ့သူ့ကိုမာမားကသားအရင်းလေးလိုဂရုစိုက်ပြီးချစ်ပေးတယ် မာမားကမေမေ့လောက်တော့ မချစ်ပေးနိုင်ပေမယ့် မေမေ့နီးပါးလောက်ထပ်တူချစ်ပေးလို့ ဂျွန်ကယု သူ့မာမားကိုဒယ်ဒီနဲ့လက်ထပ်ဖို့ သဘောတူပေးခဲ့တယ် သူထပ်သိထားတာက မာမားဟာသူ့ဒယ်ဒီနဲ့မတွေ့ခင်အချိန်ထိ တစ်ခါမှလက်မထပ်ဖူးတဲ့ မိန်းမသားတစ်ယောက် အဲ့တာကြောင့်နဲ့ပဲ ဒယ်ဒီ့လိုမုဆိုးဖိုတစ်ယောက်ကိုလက်ထပ်ဖို့အထိလက်ခံပြီးချစ်ပေးတဲ့သူ့မာမားကိုလဲအရမ်းတွယ်တာခဲ့မိသည်။ ၁၇နှစ်သားအရွယ်မှာဒယ်ဒီကမာမားနဲ့ဂျပန်ကိုအလုပ်ကိစ္စနဲ့လိုက်သွားကတည်းက အိမ်မှာသူတစ်ယောက်ထဲကျန်ခဲ့ပြီး ၁၇နှစ်ဆိုတဲ့အရွယ်မှာ သူများတွေနဲ့မတူအောင်ဂျွန်ကယုဟာရင့်ကျက်တဲ့ကောင်လေးတစ်ယောက်ဖြစ်နေခဲ့သည်။ နောက်၄နှစ်အကြာ သူ့ဘ၀တဖန်အဆင်ပြေပြေနဲ့ပြန်စတင်ဖို့ မာမားဆီမှာသူ့အတွက်ညီမလေးတစ်ယောက်ရောက်နေပြီဆိုတဲ့သတင်းကြားရတော့သည်....
_______________________________________________________
Hee" JUN yk bday lyy a pee mhr memo phit twr ag sa p update lyk b nw<3
tha bw kya phoh myaw lint pr dl