Unicode
°°°°°°°°°"ဟင်! onii-chan!!!"
အသံသေးသေးလေးနဲ့လှမ်းခေါ်နေတာကြောင့် အကောင်ပေါက်အထင်နဲ့ကြည့်လိုက်တော့ တကယ်ပင်အကောင်ပေါက်။
ဘယ်လိုကနေဘယ်လို ဒီလေယာဥ်ပေါ်ရောက်လာတာပါလိမ့်။"Takata Mashihoမလား?"
"Hai! oniiကကျွန်တော့ကိုမှတ်မိသားပဲ!"
"မှတ်မိတာပေါ့အကောင်ပေါက်ရဲ့ အာ mashihoရဲ့"
"HAHAHA!!!အကောင်ပေါက်တဲ့ oniiကကျွန်တော့ကိုnicknameတွေတောင်ပေးထားတာပဲနော်""ကြိုက်တယ် အကောင်ပေါက်ဆိုတဲ့နာမည်ကို!"
"mashihoကတော့နောက်ပြီ!"
"မနောက်ပါဘူး တကယ်ပြောတာoniiရ"အတည်ပေါက်နဲ့ပြောနေတဲ့ကောင်လေးကြောင့် သဘောတကျနဲ့ရယ်မိလိုက်သည်။ထိုဟာကို ကောင်လေးကမျက်စောင်းတထိုးထိုးနဲ့ ဘာရယ်တာလဲ ဆိုသည့်သဘောဖြင့်ဆူပုတ်ကာကြည့်နေတာမို့
"ကဲ oniiကအလကားပြောတာပါ mashihoကြိုက်တယ်ဆိုလဲoniiကအကောင်ပေါက်လို့ပဲခေါ်တော့မယ်နော်"
"hai!onii-chan"ထို့နောက် အကောင်ပေါက်က သူ့နေရာကိုသူထွက်သွားကာ ကိုယ်ကတော့အကောင်ပေါက်ကိုမျက်စိတဆုံး လိုက်ကြည့်ပြီးပြုံးနေတာကို အကောင်ပေါက်လေးသိကောင်းသိနိုင်ပါရဲ့။
___________
Mashi လေယာဥ်ပေါ်ရောက်တာနဲ့ Junkyuကိုတွေ့လိုက်ရတာမို့ ရေစက်ကြောင့်လို့တွေးဖြစ်လိုက်သည်။
ပြီးတော့ Oniiကသူ့ကိုအကောင်ပေါက်တဲ့။Oniiကလေ လူကိုမခင်သလိုလိုနဲ့nicknameတွေပါပေးထားသေးတာ။ဒါပေမယ့် လောလောဆယ် Koreaရောက်တာနဲ့ နားပြီးsukoကိုစပရိုက်သွားတိုက်မှာမို့ ဘယ်လိုတိုက်ရမလဲဆိုတာကိုသာ လော"လတ်" ဦးနှောက်ထဲ၌တွေးနေမိသည်။ခဏအကြာ နောက်ဘက်ကနေတစ်ယောက်ယောက် စောင့်ကြည့်နေသလိုမျိုး နောက်ကျောမလုံတော့သလိုမျိုးဖြစ်လာတာမို့ နောက်ကိုလှည့်အကြည့် Oniiကသူ့ကိုစိုက်ကြည့်နေတယ်တဲ့လေ။သူလဲ ရုတ်တရက်မို့လို့ ရှေ့ကိုချက်ချင်းပြန်လှည့်ပြီး နားထဲairpodနှစ်ဖက်တပ်ကာ ပြတင်းပေါက်ကိုမှီထားပြီး အတွေးပင်လယ်မှာလက်ပစ်ကူးနေလိုက်သည်။
________
ထို Mashihoဆိုသောအကောင်ပေါက်ကတကယ်ပင်လူကိုမကြည့် ကြည့်အောင် အာရုံကိုဖမ်းစားပစ်နိုင်သည်။မနေနိုင်မထိုင်နိုင် ရှေ့တစ်ခုံကျော်ကကောင်လေးကို လှမ်းကျော်ကြည့်မိတော့ သူ့ကိုပြန်ကြည့်လာပြီး ရှက်ကိုးရှက်ကန်းဖြစ်ကာ ချက်ချင်းနားကြပ်တွေကောက်တပ်ပြီး တစ်ဖက်ကိုလှည့််သွားလေသည်။