Zawgyi
°°°°°°°°°မာရှီတစ်ယောက် ကျောင်းကနေCondoကိုတစ်ယောက်ထဲပြန်လာခဲ့သည်။ရှေ့ရက်တွေကထက် ဂျီဟွန်းဟျောင်းပိုထူးဆန်းနေသည်မှာ ဘာဖြစ်လို့ဖြစ်နေမှန်းမသိ မာရှီ့ကိုလဲစကားမပြော။ အရင်ကပြုံးပြရင်တောင် ပြန်ပြုံးပြတဲ့လူက အခုဘာစိတ်တွေဝင်နေလဲမသိ။
"အီးးတော်ပြီ ပျင်းတယ် ရေမချိုးချင်တော့ဘူး"
"မနက်ကတစ်ခါချိုးထားပြီးပြီပဲ တစ်ရက်လောက်ထပ်မချိုးလိုက်လို့ အမှိုက်နံ့ထွက်လာမှာမှမဟုတ်တာ"Apartmentထဲမှာ တစ်ယောက်ထဲစကားတွေပြောရင်း ရေမချိုးဖို့ အပျင်းတစ်နေမိသည်။
တွေးလက်စအတွေးတွေကိုရပ်လိုက်ကာ မွေ့ယာကြီးပေါ်ပစ်လှဲရင်း ခရမ်းရောင်မီးဖြာကျနေတဲ့ မျက်နှာကျက်ကြီးကို တွေတွေကြီးကြည့်ရင်း ထပ်မံအတွေးနယ်ချဲ့နေပြန်သည်။
ထို့နောက် တစ်စုံတစ်ယောက်ဆီဖုန်းဆက်ရင်း~
"Hello Junkyu hyg"
"မာရှီ ဘာကိစ္စရှိလို့လဲ"
"ဟိုဟာ ဂျီဟွန်းဟျောင်း နေကောင်းရဲ့လားလို့"
"ဪ အင်း ကောင်းပါတယ် ဘာဖြစ်လို့လဲ"
"မဟုတ်ပါဘူး ဒီတိုင်းမျက်နှာမကောင်းဘူးလားလို့ပါ"
"ဪ အင်းပါ ကောင်းတယ် စိတ်မပူနဲ့မာရှီ""ဒါနဲ့လေ နေ့လည်ကဘာပြောစရာရှိလို့လဲဟင်"
"ဟွန် အာ အရေးတော့မကြီးပါဘူး ရတယ်မာရှီ နောက်အားမှပဲအေးဆေးပြောတော့မယ်"
"အင်း ဟုတ် အဲ့တာဆိုဒါပဲနော်"Ti...
ဘာလား။အကိုနှစ်ယောက်လုံးက ထူးဆန်းနေသလိုပဲ။
ခဏ မေ့နေတာ ငါ့ရဲ့goalက Junkyu Hyungကိုလိုက်ဖို့ပဲ။
ဟုတ်တယ်။Hyungကို ဖွင့်ပြောရမယ်။မဟုတ်ရင် သူများဉီးသွားတော့မှာ။
တစ်ကိုယ်တည်းအတွေးနဲ့ နောက်ရက်Junkyuနဲ့ချိန်းလျှင် ဖွင့်ပြောရမည်ဟု ရင်ထဲတွင်စာစီကာစောင့်စားနေမိသည်။
___________
*ဝှါး~*
"မိုးတောင်လင်းပြီပဲ ဘယ်တုန်းကအိပ်ပျော်သွားတာပါလိမ့်!"
"aigoo ဒီနေ့အတန်းချိန်မရှိဘူးပဲ "
ပြောလဲပြော အိပ်ယာပေါ်ကနေမဆင်းပဲ ဟိုဘက်လှိမ့် ဒီဘက်လှိမ့်လုပ်ကာ ပြန်အိပ်ဖို့ပြင်နေတုန်း