Unicode
°°°°°°°°°
Otousan၀ယ်ပေးထားတဲ့ Seoulမြို့ကအိမ်ကြီးတစ်လုံးထဲ၌ဖြစ်သည်။အိမ်ကသိပ်ကြီးကျယ်ခန်းနားလွန်းလှပြီး သားလေးတစ်ယောက်ထဲရှိသည့် Takataသူဌေးဟာ Mashiကျောင်းပြောင်းဖို့အရေး အားလုံးအဆင်ပြေပြေဖြစ်အောင် ပြင်ဆင်ပေးထားသည်။ သို့သော်ငြားလည်း Mashiတစ်ယောက် အိမ်ကိုကြည့်ပြီးမနှစ်မြို့။
ကြီးကျယ်လွန်းလှသော်လည်း အကြောက်ကြီးတတ်ပြီး တစ်ယောက်ထဲနေဖို့ နေသားမကျသေးတဲ့ Mashiအဖို့ ဒီလောက်အိမ်ကျယ်ကျယ်ကြီး၌မနေရဲ။ ( သရဲကြောက်တာကိုပြောတာဘာရှင် )
အိမ်ထဲကပြန်ထွက်ကာ Okaasanကိုအကျိုးအကြောင်းရှင်းပြပြီး တက္ကသိုလ်နဲ့နီးတဲ့ နေရာမှာ နေလို့အဆင်ပြေမယ့်တိုက်တစ်ခုကိုရှာလိုက်သည်။
ကံကောင်းချင်တော့ Gwanak-gu မှာရောင်းဖို့ condoတိုက်ခန်းလွတ်တစ်ခန်းရှိတာနဲ့ ၀ယ်ယူကာ နောက်ရက်မှာပဲအိမ်ကပစ္စည်းတွေနဲ့ သူယူလာတဲ့ပစ္စည်းတွေကို ကားတစ်စီးငှားပြီး ပြောင်းရွှေ့လုပ်ရတော့သည်။အကုန်ပြောင်းရွှေ့ပြီးလို့ သူ့နေရာနဲ့သူပစ္စည်းတွေကိုချပြီးတာနဲ့ အခန်းတွေကိုသေချာတစ်ပတ်ပြန်ပတ်ကြည့်တော့မှ ညာဘက်မှာ စတိုခန်းလေး တီဗွီကိုမှန်စားပွဲလေးရဲ့ရှေ့ show caseရဲ့အပေါ်မှာတင်ထားပြီး မှန်စားပွဲလေးကိုလဲ ဆိုဖာသုံးလုံးနဲ့၀န်းရံထားသည်။white showcaseလေးထဲမှာတော့ သူ့အကြိုက်ပန်းအိုးတွေ ဆုတွေကိုထည့်သိမ်းထားသည်။ဘယ်ဘက်မှာကတော့ ခရမ်းရောင် မီးဖျော့ဖျော့လေးထွန်းထားတဲ့သူ့အခန်းလေး။၀င်သွားတာနဲ့ မွေ့ယာနဲ့ကုတင်ကြီး ဘေးဘက်မှာ စာကြည့်စားပွဲအဖြူလေး စာကြည့်စားပွဲအပေါ်မှာတော့ စာအုပ်တွေကိုသပ်သပ်ရပ်ရပ်စီထားကာ kokufu bonsaiပင်လေးတစ်ပင်ကိုထောင့်တစ်ခု၌နေရာချထားသည်။ ကုတင်ရဲ့မျက်နှာကျက်အပေါ်မှာတော့ သူ့အကြိုက်ပန်းချီလေးတွေနဲ့လှလှပပ။
နောက်ဖေးတစ်ခန်းမှာတော့ မီးဖိုချောင်လေးသပ်သပ်ရပ်ရပ်လေး။cabinetကိုဖွင့်ကြည့်တဲ့အခါ အထဲမှာ ခေါက်ဆွဲထုပ်တွေသာအပြည့်။ရေခဲသေတ္တာကိုဖွင့်ကြည့်ပြန်တော့လည်း နွားနို့ပုလင်းများကသာနေရာယူထားသည်။