သန့်ရှင်းလတ်ဆက်တဲ့လေကိုရှုရှိုက်ရင်း လေပူတစ်ချက်ကိုမှုန့်ထုတ်ကာ အလုပ်သမားတန်းလျားကနေ စံအိမ်ဆီသို့ လာခဲ့တဲ့ကောင်မလေးတစ်ယောက်......။
စံအိမ်ထဲကသူ့ကိုဒေါသမီးလျှံအပြည့်နဲ့စောင့်နေတဲ့ကောင်ကလေးတစ်ယာက်......။"သခင်လေး....."
"ရှန်းရှန်း နင်ဘာတွေလုပ်နေတာလဲအဲ့လောက်အိပ်ပုပ်ကြီးရလား အခုဘယ်နှစ်နာရီရှိနေပြီလဲ နင်ဘာလို့အခုမှလာတာလဲ"
ရှန်းရှန်း ပြန်ဖြေလို့မရအောင်ကိုမေးခွန်းတွေကိုဆက်တိုက်မေးနေလေရဲ့။
"ဟို သခင်လေး အခုမှငါးနာရီပဲရှိသေးတာလေ သူများတွေတောင်အိပ်နေတုန်း"
"ဘယ်သူများလည်း နင်ကအဲ့သူများတွေနဲ့တူလို့လား နင့်ကိုငါဘာမှာထားလည်း ငါနဲ့မနက်အတူလမ်းလျှောက်မယ်လို့မပြောထားဘူးလား နင်မေ့နေတာလား ဦးနှောက်လည်းမကောင်းတော့ဘူးလား ရှန်းရှန်းမေးနေတာဖြေလေ"
"သခင်လေးပဲဆက်တိုက်ပြောနေတာကို ရှန်းရှန်းဖြေဖို့အချိန်မှမရှိတာကို"
"ရှန်းရှန်း နင်ငါ့ကိုပြန်ပြောနေတာလား"
"တောင်းပန်ပါတယ် သခင်လေး"
"ပြောလိုက်ရင် ဒါပဲ နင့်ပုံစံကြည့်အုန်းထဘီကြီးနဲ့ ဘောင်းဘီသွားဝတ်ခဲ့ အချိန်၁၀မိနစ်ပေးမယ်မြန်မြန်ပြန်သွားလဲ ငါခြံထဲကစောင့်နေမယ်"
"သခင်လေး ထဘီနဲ့ပဲလိုက်လို့မရဘူးလား"
"မရဘူး မြန်မြန်သွား နောက်ကြရင်အပြစ်ပေးမှာ သွား"
စံအိမ်နဲ့အလုပ်သမားတန်းလျားကလမ်းလျှောက်ရင်တောင်၁၀မိနစ်လောက်ကြာတာ အဝတ်ပါလဲရမှာဆိုတော့ ရှန်းရှန်းပြေးမှပဲရတော့မယ် မဟုတ်ရင်အပြစ်ပေးခံရမှာလေ ဟူးတကယ်မလွယ်ပါလားနော်......။
ရှန်းရှန်း အမောတကောနဲ့စံအိမ်ရှေ့ကိုအမြန်ပြန်ပြေးလာခဲ့လိုက်တယ် ဒါပေမယ့် သခင်လေးကတော့စိတ်တိုနေပြီလေ........။
"နောက်ကြတယ် နင့်ကို၁၀မိနစ်ပဲပေးတာ၁၅မိနစ်ဖြစ်သွားပြီ မသွားတော့ဘူး"
YOU ARE READING
ဒဿစေလိုရာ(ongoing)
Romance(Unicode+Zawgyi) ဒဿစေလိုရာ မင်းငါ့ကိုအတွန့်တက်ဖို့မစဥ်စားနဲ့ ရှန်းရှန်း မင်းကငါနေဆိုနေသွားဆိုသွားမင်းကငါသုံးနေတဲ့မီးခြစ်လိုပဲ ငါလိုအပ်ရင်ထုတ်သုံးမယ် မလိုအပ်ရင် အိတ်ထဲထည့်ထားမယ် မင်းနားလည်ထားရမှာက မင်းကငါစေလိုရာနေရမယ့်သူပဲ ...