"အား....ဘာတွေလည်း ဒီပုံတွေကဘာတွေလည်း "
အော်သံနဲ့အတူဓာတ်ပုံလေးတွေလည်း လေထဲမှာပြန့်ကျဲကာ ကျလာနေတော့သည်။
"တို့လည်းသေချာမသိဘူး ဆူစံ သေချာတာကတော့ မင်းသတိုးသားလောင်းက ခြေရှုပ်ထားတယ်ဆိုတော့ပြောနိုင်တယ်"
"မဖြစ်နိုင်ဘူး မင်းမိန့်က ဘယ်လိုလုပ်...ဟာ ဒီထဲကကောင်မလေးကိုငါသိနေတယ် ကျစ် ငါသူတို့ကိုသွားတွေ့မှဖြစ်မယ် ဘယ်ဆေးရုံမှာလဲသူတို့"
"ဝိုးး.....စိတ်ကိုလျော့စမ်းပါ ဆူစံရာယ် ဆေးရုံမှာကလူများတယ် ငါတို့သေချာစောင့်ကြည့်ရမယ်"
"ဂရေ့ ငါဘယ်လိုမှမနေနိုင်ဘူးနော် ငါအရမ်းတွေသိချင်နေတယ် နောက်ပြီး မင်းမိန့်ကငါ့အပိုင် ငါရဲ့သတိုးသားလောင်းဖြစ်ကိုဖြစ်ရမယ်ငါသေချာပြောရဲတယ်"
"အိုကေ ငါဆက်စောင့်ကြည့်ခိုင်းထားလိုက်မယ်"
မင်းမိန့်နဲ့အတူဓာတ်ပုံထဲကကောင်မလေးနဲ့ကလေးနှစ်ယောက်ကို ဆူစံရင်းနှီးနေတယ်လို့ခံစားနေရသည်။စိတ်ထဲမှာလည်းတစ်ခုခုဖြစ်တော့မယ်ဆိုတာကိုအလိုလိုသိနေသည်။ဒါပေမယ့် ဘယ်လိုအကြောင်းမျိုးကြောင့်နဲ့တော့ မင်းမိန့်ကိုမစွန့်လွှတ်နိုင်ပါ ဆူစံနဲ့မင်းမိန့်အခုလိုမျိုးအခြေနေထိရောက်အောင် ဆူစံကြိုးစားထားခဲ့ရတဲ့အချိန်တွေကနည်းခဲ့တာမှမဟုတ်တာ.....။–––––––––––––––––––––––––––
"ဟုတ်ကဲ့ ဆေးရုံဆင်းလို့ရပါပြီရှင့်"
"ဟုတ်ကဲ့ပါ ဆရာမ"
"လိုအပ်တဲ့ဆေးဝါးတွေအကုန် ရေးပေးထားတယ်ရှင့် ငွေရှင်းရင်းနဲ့ထုတ်ယူသွားပေးပါနော်"
"ဟုတ်ကဲ့ပါ ကျေးဇူးပါ"
လိုအပ်တာတွေ အကုန်ပြောပြီးတာဝန်ကျဆရာဝန်လည်းပြန်သွားပြီမို့ ရှန်းရှန်းလည်းပစ္စည်းတွေအကုန်ထုတ်ပိုးနေလိုက်တော့သည်။သားနဲ့သမီးကလည်းသခင်လေးကသူတို့အဖေဆိုတာကိုသိကတည်းက ဖေဖေဆိုတော့နာမ်စားကိုပါးစပ်ဖျားကနေမချပဲအားတိုင်းခေါ်နေကြသည်။အခုလည်း....
"ဖေဖေ...."
"ဗျာ...."
"ဖေဖေ သမီးကိုချစ်လား"
"ချစ်တာပေါ့ ဖေဖေကသမီးနဲ့သားကိုအရမ်းချစ်တယ်
ဟုတ်ပြီလား"
"အဲ့ဒါဆို အခု သမီးတို့ကဖေဖေနဲ့လိုက်နေရတော့မှာလားဟင် ဖေဖေရာယ်၊သမီးရာယ်၊ကိုကိုရာယ်၊မေမေရာယ်ကအတူတူနေရတော့မှာပေါ့နော် ဟေးးးး ပျော်လိုက်တာ"
သမီးလေးရဲ့စကားကြောင့်ရှန်းရှန်းမျက်ရည်များကမျက်ဝန်းအိမ်မှာအလိုလိုရစ်ဝလာတော့သည်။အေးစက်နေတဲ့လေထုရှန်းရှန်းကပဲအရင်စကားပြန်စလိုက်တော့သည်။ရှန်းရှန်းအတွေးတွေထဲသခင်လေးကိုယုံကြည့်ပေးပါဆိုတဲ့စကားတစ်ခွန်းထဲနဲ့ရှန်းရှန်းဘာမေးခွန်းမှမမေးခြင်းဖြစ်သည်။သားနဲ့သမီးကသာသခင်လေးရဲ့ပြန်အပြောလာကိုစောင့်မျှော်နေကြတာသခင်လေးကတော့စကားတစ်ခွန်းမျှမဆိုနိုင်
ESTÁS LEYENDO
ဒဿစေလိုရာ(ongoing)
Romance(Unicode+Zawgyi) ဒဿစေလိုရာ မင်းငါ့ကိုအတွန့်တက်ဖို့မစဥ်စားနဲ့ ရှန်းရှန်း မင်းကငါနေဆိုနေသွားဆိုသွားမင်းကငါသုံးနေတဲ့မီးခြစ်လိုပဲ ငါလိုအပ်ရင်ထုတ်သုံးမယ် မလိုအပ်ရင် အိတ်ထဲထည့်ထားမယ် မင်းနားလည်ထားရမှာက မင်းကငါစေလိုရာနေရမယ့်သူပဲ ...