Part(16) U+Z

1.7K 85 22
                                    


"မေမေ..."

"ဟင်း....သား သားနာနေသေးလားဟင်"

သားရဲ့အသံသေးသေးလေးကထွက်ပေါ်လာတာကြောင့် ရှန်းရှန်းမေးလိုက်ခြင်းဖြစ်သည်။

"ဟင့်အင်း....."

"သား ဗိုက်ဆာလို့လား....ဘာလုပ်ချင်လို့လည်း မေမေကိုပြောလေ"

"ဖေဖေကော...."

"ဟင်း....ဖေဖေ"

သားရဲ့အမေးကြောင့်ကြောင်အသွားရတဲ့သူကတော့ ရှန်းရှန်းကိုယ်တိုင်ပင် ဒီအသက်အရွယ်ထိအဖေဆိုတာကိုမတောင်းတခဲ့ဖူးတဲ့ကလေးဟာ ဒီနေ့မှဘယ်လိုအကြောင်းတရားတွေကြောင့်ဖအေကိုမေးနေရသလဲဆိုတာကိုရှန်းရှန်းနားမလည်နိုင်တော့ပါ။
သခင်လေးကကောသိသွားပြီလား။ရှန်းရှန်းအတွေးများနဲ့သခင်လေးကိုကြည့်လိုက်တော့ သားရဲ့အနားကိုတောင်ရောက်နေပြီဖြစ်တာကြောင့်အတွေးများကိုဒီနေရာမှာတင်ရပ်တန့်ပြစ်လိုက်တော့သည်။

"သား ခေါင်းကိုက်လား အန်ကောအန်ချင်လား"

"ဟင့်အင်း....."

သားရဲ့အသံကတိုးညင်းစွာနေဖြေနေပြီးခေါင်းလေးကိုလည်းခါယမ်းပြီးဖြေလေသည်။သားကိုကြည့်ပြီး မင်းမိန့်ရှင်စိတ်ထဲမှာနေလို့မကောင်းပေ။ရှန်းရှန်းစီကအဖြေတစ်ခုရအောင်ကိုသူတောင်းမှရတော့မယ်ဆိုတာကိုသိနေသည်။DNAရလဒ်ထွက်လာတဲ့အချိန်မှာပေါ့။

"သားခေါင်းအရမ်းမခါရဘူးနော် ခေါင်းကိုက်တက်တယ် သားဘာစားချင်လဲပြော ဦးဦးသွားဝယ်ပေးမယ်"

"ပီဇာ...."

"ဟုတ်ပြီ ဦးဦးသွားဝယ်ပေးမယ်နော် ကိုယ်စားဖို့သွားစီစဥ်လိုက်အုန်းမယ်နော်"

"ဟို....ရပါတယ်သခင်လေး မကြီးနဲ့ကိုမင်းသူတို့လည်းလာတော့မှာဆိုတော့ သခင်လေးအိမ်ပြန်နားလို့ရပါတယ်"

ရှန်းရှန်းပြောလိုက်တဲ့စကားတွေကြောင့် သခင်လေးရဲ့မျက်နှာမှာအလိုမကျမှုတွေဖြစ်ပေါ်လာတာကိုအတိုင်းတာမြင်နေရတယ်ဆိုပေမယ့် ရှန်းရှန်းတောင်းပန်စကားဆိုဖို့တွေးနေတုန်းမှာပင် သခင်လေးကအခန်းထဲကထွက်သွားတာကြောင့် ရှန်းရှန်းလည်း သားရဲ့နားကိုလာခဲ့လိုက်တော့သည်။

ဒဿစေလိုရာ(ongoing)Hikayelerin yaşadığı yer. Şimdi keşfedin