Part(8) U+Z

1.8K 90 17
                                    

"မင်းသူ မင်းအရမ်းမူးနေပြီဒီညဒီမှာပဲအိပ်ပါလား"

"အမ်....ငါ....ပြန်...."

မင်းသူ ဘာမှပြန်မပြောခင်အိပ်ပျော်သွားတာကြောင့် မင်းမိန့်ရှင် ကြည့်ပြီး စိတ်ရှုပ်မိသွားသည်။

"ရှန်းရှန်း အဲ့မှာပစ္စည်းတွေသိမ်းပြီးသွားရင် မင်းသူကိုအခန်းထဲပို့ပေးလိုက်ကြားလား"

ပြောပြီးတာနဲ့ ဆူစံလည်းမူးလာတာကြောင့် အိပ်ဖို့ထလာခဲ့လိုက်တော့သည်။

"ဟုတ်ကဲ့ မမလေး"

"နောင်နောင် မင်းကောဒီမှာပဲအိပ်လိုက်တော့ကွာ ကားမောင်းဖို့အဆင်ပြေတော့မှာမဟုတ်ဘူး ဟေ့ ရနထိနဲ့"

သခင်လေးရဲ့အသံကြောင့် ရှန်းရှန်း ကြောင်ပြီးကြည့်နေမိလိုက်သည်။ကိုမင်းသူကို အခန်းထဲခေါ်သွားဖို့ကိုဘာလို့ မထိခိုင်းတာလဲ......

"ဟို ရှန်းရှန်းက အခန်းထဲပို့"

"သွားနားတော့ ငါလုပ်လိုက်မယ် ကျန်တာတွေလည်းမနက်မှရှင်းတော့"

"ဟုတ်ကဲ့ သခင်လေး"

နောင်နောင် ကရီပြီးကြည့်နေတာကြောင့် မင်းမိန့်ရှင် မျက်နှာသေနဲ့ပြန်ကြည့်လိုက်သည်။

"ဘာလဲ မင်းက ဘာရီနေတာလဲ"

"မဟုတ်ပါဘူးကွာ ကောင်မလေးကိုမင်းကဘာလို့ မင်းသူကိုမထိခိုင်းရတာလဲ"

"ဒီတိုင်းပဲ လာ ငါလည်းအိပ်ချင်နေပြီ မင်းသူကိုအခန်းထဲပို့ရအောင်"

မင်းမိန့်ရှင် ကုတင်ပေါ်ကိုလှဲလိုက်ရင်း အတွေးထဲပေါ်လာတာကတော့ ရှန်းရှန်း ဒါပေမယ့် ဘာလို့ပေါ်နေမှန်းလည်း မင်းမိန့်ရှင် တစ်ယောက်နားမလည်နိုင်အောင်ဖြစ်နေမိသည်။ရှန်းရှန်း ဒီနေလို့ မင်းသူနဲ့သိကျွမ်းနေတယ်လို့ သိလိုက်ရတော့ရင်ထဲမှာ ဗလောင်ဆူသွားရသည်။တွေးနေတာကိုရပ်ပြီး မင်းမိန့်ရှင် မျက်လုံးများကိုမှိတ်ပြီးအိပ်ဖို့ကိုကြိုးစားလိုက်တော့သည်။

ရှန်းရှန်း အခုတလောအိပ်မပျော်ဘဲ အိပ်ရေးပျက်ရက်တွေကများလာတာကိုသတိထားမိလာသည် ကိုယ်ဝန်ကလနုနေလို့များလားတော့မသိဘူးအလုပ်တွေပင်ပန်းတာကြောင့်လည်းပါနိုင်တယ် ခန္ဓာကိုယ်ကနာကျင်ကိုက်ခဲမူတွေကပိုပိုများလာသည်။ရှန်းရှန်းအလုပ်ထွက်ဖို့ကို  ဒေါ်ကြီးကိုမြန်မြန်ပြောပြီးစုဆောင်းထားတာလေးတွေနဲ့ရွာပြန်ဖို့ကို ရှန်းရှန်းဆုံးဖြတ်ချက်ချရတော့မည်။
ဟင်းး.......သက်ပျင်းရှည်ကြီးတစ်ခုကိုရှန်းရှန်းအကြာကြီးချပြီးပြန်အိပ်ဖို့ကိုကြိုးစားလိုက်တော့သည်။

ဒဿစေလိုရာ(ongoing)Donde viven las historias. Descúbrelo ahora