"သခင်လေး အောက်ထပ်ကိုဆင်းလာခဲ့ပါတဲ့ ဒီနေ့သခင်မကြီးကိုသဂြိုလ်မယ့်နေ့ပါ အခုသွားဖို့စီစဥ်နေပါပြီ""ငါ မလိုက်ဘူးပြောလိုက်"
ရှန်းရှန်း သခင်လေးရဲ့အသံကိုနားထောင်လိုက်တော့ငိုသံယဲ့ယဲ့လေးတွေပါနေသာပိုသတိထားမိလိုက်သည်။ရှန်းရှန်း သခင်လေးအတွက်စိတ်မကောင်းဖြစ်မိတာကတော့အမှန်ပဲဖြစ်သည်။အခုမှအသက်၂၀ပြည့်ပြီးတဲ့သူတစ်ယောက်ကရုတ်တရပ်အမေသေဆုံးခြင်းကိုလက်မခံနိုင်ဘူးလေ နောက်ပြီးသေဆုံးခြင်းကလည်းသာမာန်မဟုတ်တာကြောင့် သခင်လေးဧည့်သည်တွေကိုမျက်နှာမပြချင်တာလည်းဖြစ်မယ်ထင်သည်။
"ဟုတ်ကဲ့ သခင်လေး"
"ရှန်းရှန်း သားကော"
"သခင်လေးက မလိုက်ဘူးတဲ့"
"မင်းမိန့်ရှင်ကတော့ သူမပါရင်သူ့မာမီဝမ်းနည်းနေမှာပေါ့"
"ဆူစံ သမီးသွားခေါ်လိုက်ပါလား"
"ဟုတ်ကဲ့ ဦးလေး"
ဆူစံ အပေါ်ထပ်ကိုတက်လာခဲ့လိုက်သည်မင်းမိန့်ရှင်အတွက်ဆူစံအခုချိန်မှာဘာမဆိုလုပ်ပေးရလုပ်ပေးရဆူစံ လုပ်ပေးချင်သည်။"မင်းမိန့်ရှင်........တံခါးဖွင့်ပေးအုန်း နင်မဖွင့်ပေးရင် ငါသော့နဲ့ဖွင့်ပြီးဝင်လာမှာနော်"
ချောက်......
"ထွက်သွား....."
ဒုန်း.......ခွမ်း....
"အ....."
မင်းမိန့်ရှင် ပစ်လိုက်တဲ့မီးအိမ်ကွဲသွားပြီး ဆူစံရဲ့ခြေထောက်ကို ကွဲစတွေလာမှန်တာကြောင့်အော်လိုက်မိသည်။
မင်းမိန့်ရှင်လည်းဆူစံရဲ့အော်သံကြောင့် ဆူစံနားသွားလိုက်တော့ ဆူစံခြေထောက်မှာသွေးတွေထွက်နေပြီ
"ဆူစံ Sorry Sorry လာဒီမှာလာထိုင်"
ဆူစံကို ထိုင်ခုံပေါ်မှာထိုင်ခိုင်းပြီး မင်းမိန့်ရှင် အခန်းအပြင်ကိုထွက်လာပြီး လူလာရှာလိုက်သည်။
"ဒေါ်ကြီး ဦးကျော် လာပါအုန်းဆေးဘူးယူလာခဲ့ မြန်မြန်"
"ဟုတ်ကဲ့ သခင်လေး"
JE LEEST
ဒဿစေလိုရာ(ongoing)
Romantiek(Unicode+Zawgyi) ဒဿစေလိုရာ မင်းငါ့ကိုအတွန့်တက်ဖို့မစဥ်စားနဲ့ ရှန်းရှန်း မင်းကငါနေဆိုနေသွားဆိုသွားမင်းကငါသုံးနေတဲ့မီးခြစ်လိုပဲ ငါလိုအပ်ရင်ထုတ်သုံးမယ် မလိုအပ်ရင် အိတ်ထဲထည့်ထားမယ် မင်းနားလည်ထားရမှာက မင်းကငါစေလိုရာနေရမယ့်သူပဲ ...