Part(10) U+Z

1.6K 65 13
                                    


"မသွားဘူး....."

"မသွားလို့မရဘူး ဒါမင်းကောင်းဖို့အတွက်ပဲ"

"ကျွန်တော် အတွက်ဘယ်ချိန်တုန်းကဒီလောက်ထိတွေးပေးလိုက်တာလဲ"

မိမိအတွက်ဆိုပြီးအရှေ့ကနေပြောဆိုနေတဲ့ ဒယ်ဒီကိုကြည့်ပြီး ဟားတိုက်ရယ်လိုက်ချင်မိတာတော့အမှန်ပင်။မာမီဆုံးသွားကတည်းက သားဆိုတာကိုရျှိတယျလို့တောငျမထငျတဲ့သူကအခုတော့ ဘာတဲ့လန်ဒန်မှာကျောင်းသွားတက်ဖို့ကိုပြောနေပြန်သည်။
မင်းမိန့်ရှင် ဒီနှစ်ကုန်ပိုင်းလောက်မှာ လန်ဒန်မှာကျောင်းသွားတက်ဖို့အစီစဥ်ရှိပေမယ့် အခုလိုဒယ်ဒီပြောလာတော့လည်း.....။

ဒီရက်တွေအတွင်း ရှန်းရှန်းနေမကောင်းသေးတာမို့ နားနေဖို့ ဒေါ်ကြီးပြောလာတာကြောင့် အခန်းတွင်းပဲအောင်းပြီးနေနေလိုက်တော့သည်။
ဆေးရုံးကဆင်းဆင်းချင်းတွေ့ချင်တဲ့မျက်နှာလေးကိုမတွေ့ရဘဲအခန်းတွင်းအောင်းနေရတဲ့ခံစားချက်ဟာ အရမ်းကိုအထီးကျန်ဆန်လွန်းလှသည်။သူကမချစ်ပေမယ့်ကိုယ်ကချစ်မြတ်နိုးနေသူတစ်ယောက်ဖြစ်နေတာကြောင့် ပိုပြီးခံစားရသည်။မိန်းမသားမို့ပို၍ခံစားလွန်းလှပါသည်။

"ရှန်းရှန်း နင်ဒီနေ့ဆေးခန်းသွားပြရမယ်မလား ပြင်တော့လေ"

"အင်း နင်လိုက်မလို့လား"

"ငါလိုက်ချင်ပေမယ့် ငါမအားဘူးဟ အခုတောင်ဒေါ်ကြီးကနင့်ကိုဆေးခန်းသွားဖို့လာသတိပေးဖို့လာတာ စံအိမ်ထဲမှာအလုပ်တွေရှုပ်နေတာ"

"ဟင် ဘာဖြစ်လို့လဲ"

"သခင်လေးမင်းမိန့်ရှင်နဲ့မမလေးဆူစံတို့က လန်ဒန်မှာကျောင်းသွားတက်ဖို့အဲ့ဒါဒီနေ့ည နှုတ်ဆက်ပါတီလုပ်ဖို့အလုပ်ရှုပ်နေကြတယ် အားလုံးပဲ"

"ဘယ်နေ့သွားကြမှာလဲ"

"မနက်ဖြန်လို့တော့ကြားတယ် သေချာလားတာ့မသိဘူး"

ဟင်.....သခင်လေးကလန်ဒန်မှာကျောင်းသွားတက်ဖို့သွားတော့မယ်....အိုး....လောကကြီးရာယ်ရက်စက်လွန်းလှပကောလား။
ရှန်းရှန်းတွေးနေရင်းမှမျက်ရည်များဝဲတက်လာတာကြောင့် မိပုမမြင်အောင် ခေါင်းငုံ့ပြီးအဝတ်လှဲဖို့ရှာနေလိုက်တော့သည်။
မိပုကိုနှုတ်ဆက်ပြီး ခြံထဲမှာလူတွေကအလုပ်ရှုပ်နေတာကြောင့် ခြံအနောက်ပေါက်ကနေပဲဆေးခန်းကိုထွက်လာခဲ့လိုက်တော့သည်။
ဒီနေ့မှကောင်းကင်ကိုမော့ကြည့်လိုက်တော့ ကောင်းကင်ကမိမိကိုကြည့်ပြီးလှောင်ပြောင်နေတယ်လို့ခံစားမိလိုက်သည်။

ဒဿစေလိုရာ(ongoing)Tahanan ng mga kuwento. Tumuklas ngayon