Part(3) U+Z

2.3K 93 10
                                    


ရှန်းရှန်း ဒီနေ့တစ်နေကုန် သခင်လေးကိုမတွေ့ရသေးဘူး သခင်လေးနေများကောင်းရဲ့လားမသိဘူးလို့တွေးနေမိသည်။

"ဒေါ်ကြီး ဒေါ်ကြီး...."

"လာပါပြီ သခင်လေး"

"မာမီရဲ့စာကြည့်ခန်းကဘယ်လိုဖြစ်တာလည်း ဘယ်သူလုပ်တာလည်း မာမီရဲ့ပစ္စည်းတွေကောဘယ်သူ့အမိန့်နဲ့အခုလိုလုပ်ထားတာလဲ"

"သခင်မကြီးနန်းစံ ကအခန်းကိုသုံးစရာရှိတယ်ဆိုပြီရှင်းခိုင်းထားလို့ပါ"

"ဟာ.....မရဘူး မာမီရဲ့ပစ္စည်းတွေကိုသူ့နေရာနဲ့သူသေချာပြန်လာထားလိုက်အဲ့အခန်းကိုဘယ်သူမှမသုံးရဘူး ပြီးတော့အခန်းကိုသော့ခက်ထားလိုက် ကျွန်တော့်အမိန်မပါဘဲနဲ့ဘယ်သူမှ အဲ့အခန်းကိုမဖွင့်ရဘူး...."

"ဟုတ်.....ဟုတ်ကဲ့ပါသခင်လေး"

ရှန်းရှန်း သခင်လေးကိုတွေ့ချင်ပေမယ့် သခင်ဘေးရဲ့အသံကို ထမင်းစားခန်းထဲကပဲနားထောင်နေလိုက်တော့သည်။

......................................................................

"မင်းမိန့် မင်းမိန့်ရှင် ခေါ်နေတာမကြားဘူးလား"

ဆူစံခေါ်နေပေမယ့် မင်းမိန့်ရှင် မကြားချင်ယောင်ဆောင်ပြီးထွက်လာခဲ့လိုက်သည်။

"ဘာလဲ ဒီခံစားချက်ကြီးကအငြင်းခံလိုက်ရတာလား ဆူစံ ဟားဟား"

"ဟုတ်ပ နင့်ကိုတောင်လှည့်မကြည့်သွားပါလားမင်းမိန့်ရှင်က"

ဆူစံ ဘာစကားမှပြန်မပြောနိုင်ဘဲ အရှက်ကွဲရတာကြောင့် မင်းမိန့်ရှင်ကိုအလွန်စိတ်တိုနေတာတော့အမှန်ဖြစ်သည်။

"မင်းမိန့် အခုတလောမင်းအရမ်းငြိမ်နေတယ်နော် စိတ်ညစ်စရာတွေရှိသေးလို့လားကွ"

"ငါ့မာမီဆုံးပြီးကတည်းက ငါ့အတွက်နေ့ရက်တိုင်းကတော့စိတ်ညစ်စရာတွေကြီးပါပဲကွာ"

"ဒါပေမယ့် မင်းအရမ်းကြီးတော့စိတ်ညစ်မနေနဲ့ကွ အပျော်တွေရှာဖို့အချိန်တွေရှိသေးတယ်လေကွာ"

"အေ့ပါ..."

....................................................................

ဒဿစေလိုရာ(ongoing)Hikayelerin yaşadığı yer. Şimdi keşfedin