"လာခဲ့..."
လက်ကိုအတင်းဆွဲခံရပြီး သခင်လေးရဲ့ခေါ်ဆောင်ရာနောက်ကိုပါလာခဲ့တော့သည်။"သခင်လေး ရှန်းရှန်းကိုလွှတ်ပေးပါအုန်း လက်တွေနာနေပြီ"
ရှန်းရှန်းအသံကြားလာမှပဲ မင်းမိန့်ရှင် လက်ကိုလွှတ်ပေးလိုက်တော့သည်။
"မင်းသူနဲ့ဘယ်လိုသိတာလည်း ပြောစမ်း ရှန်းရှန်း"
"ဒီတိုင်းလမ်းမှာသိတာ ဘာများဖြစ်လို့လည်း သခင်လေး"
"မင်း.....ကျစ်....မင်းသိထားရမှာကမင်းကငါ့အပိုင်ပဲ ရှန်းရှန်း မင်းနောက်နေ့ကစပြီးဘယ်သွားတယ်ဘာလုပ်တယ်ဆိုတာအကုန်ငါ့ကိုပြန်ပြောရမယ်ကြားလား ငါ့အမိန့်မရဘဲ ဘယ်သူနဲ့မှမခင်ရဘူး မသိရဘူး"
"ရှန်းရှန်း ကအရုပ်မဟုတ်ဘူး သခင်လေး"
"မင်းငါ့ကိုအတွန့်တက်ဖို့မစဥ်းစားနဲ့ ရှန်းရှန်း မင်းကငါနေဆိုနေသွားဆိုသွားမင်းကငါသုံးနေတဲ့မီးခြစ်လိုပဲ ငါလိုအပ်ရင်ထုတ်သုံးမယ် မလိုအပ်ရင် အိတ်ထဲထည့်ထားမယ် မင်းနားလည်ထားရမှာက မင်းကငါစေလိုရာနေရမယ့်သူပဲ"
သခင်လေးကတော့သူပြောချင်ရာတွေပြောပြီးထွက်သွားတော့သည်။
ရှန်းရှန်းကတော့ သခင်လေးရဲ့ အတ္တဆန်တဲ့စကားတွေကိုနားထောင်ပြီးမျက်ရည်များပိုးပိုးပေါက်ပေါက်ကျဆင်းလာခဲ့တော့သည်။သိပ်ကိုအတ္တကြီးလွန်းတယ် ရှန်းရှန်းကအရုပ်မဟုတ်ဘူး နှလုံးသားတစ်ခုလုံးကိုအလိုမတူပဲတစ်ယောက်ထဲပေးအပ်နေမိတော့ နောက်ဆုံးနာကျင်ရတဲ့သူ ကိုယ်ပဲဖြစ်နေသည်။မင်းမိန့်ရှင် ရှန်းရှန်းကိုပြောဆိုလာခဲ့တာတွေကိုပြန်စဥ်းစားမိတော့အဓိပ္ပါယ်တွေဆိုတာလည်းမရှိဘူး မင်းသူနဲ့သိကျွမ်းတယ်ဆိုတဲ့စကားလေးကြားတာနဲ့စိတ်တိုနေတဲ့မိမိကိုယ်ကိုသိပ်ကိုအံသြနေမိသည်။
"ရှန်းရှန်း....."
"ဒေါ်ကြီး.....အဟင့်အဟင့် ရှန်း....ရှန်း"
"မငိုပါနဲ့တော့ကလေးရာယ် သခင်လေးပြောတဲ့စကားတွေကိုလည်းစိတ်ထဲမထားပါနဲ့ကွယ်"
"ရှန်းရှန်း သခင်လေးကိုစိတ်မဆိုးဝံပါဘူး ဒေါ်ကြီးရာယ် ရှန်းရှန်းစိတ်မကောင်းလို့ပါ"

YOU ARE READING
ဒဿစေလိုရာ(ongoing)
Romance(Unicode+Zawgyi) ဒဿစေလိုရာ မင်းငါ့ကိုအတွန့်တက်ဖို့မစဥ်စားနဲ့ ရှန်းရှန်း မင်းကငါနေဆိုနေသွားဆိုသွားမင်းကငါသုံးနေတဲ့မီးခြစ်လိုပဲ ငါလိုအပ်ရင်ထုတ်သုံးမယ် မလိုအပ်ရင် အိတ်ထဲထည့်ထားမယ် မင်းနားလည်ထားရမှာက မင်းကငါစေလိုရာနေရမယ့်သူပဲ ...