"ပျော်တယ် သိပ်ပျော်တာပဲ""မာမီ သမီးလေးပျော်နေရင်ပြီးတာပါပဲ"
"ဟီးဟီ....ဒါနဲ့မာမီ မင်းမိန့် ကအခုလိုမြန်မြန်လက်ခံလိုက်မယ်ဆိုတာကိုတောင်မယုံနိုင်ဘူး ဆူစံလေ မင်းမိန့်နဲ့အခုလိုသွားရမယ်ဆိုတာတွေးနေတာနဲ့ကိုပျော်လို့မဆုံးဘူး"
"အင်းပါ အင်းပါ မာမီအလုပ်ရှိလိုသွားတော့မယ်"
"မာမီ မုန့်ဖိုးပေးအုန်းလေ ဆူစံ Shoppingထွက်ဖို့ လန်ဒန်မသွားခင် အရာအားလုံးကိုအသစ်တွေပဲကိုင်ချင်တယ် ဝတ်ချင်တယ်"
"ဟုတ်ပြီ သမီးဒယ်ဒီ ဆီကတောင်းလိုက်ပါလား မာမီအခုတလောသိပ် ရှုံးတာတွေများနေတယ်"
"မာမီ နည်းနည်းလျော့အုန်းနော် ခနနေပွားခံနေရအုန်းမယ်"
"မာမီ သိပါတယ်"
ဒေါ်နန်းစံတို့သားအမိနှစ်ယောက်ကအသုံးအဖြုန်းကြီးတာကတော့ အရင်ဆူစံရဲ့ဒယ်ဒီနဲ့ကတည်းကပဲ ဆူစံရဲ့ဒယ်ဒီကကြွေးနွံတွေထဲမှာပဲယမကာရဲ့သားကောင်းဖြစ်ပြီးဆုံးသွားတော့ ဦးမင်းသခင်ကိုအပိုင်ကြံလိုက်ခြင်းဖြစ်သည်။
မာမီသားလာတယ်...နောက်ဆုံးတော့ မာမီရှိနေတဲ့မြန်မာနိုင်ငံကိုခွဲပြီးရေမြေရပ်ခြားမှာ ပညာသင်ဖို့သွားတော့မယ်မာမီ ဒီနေ့ကမာမီကိုလာတွေ့တာနောက်ဆုံးနေပဲမာမီ.....
အဲ့ဒီညကမှားသွားခဲ့တဲ့ကောင်မလေးကိုလည်း သားတစ်ခေါက်လောက်တော့တွေ့ဖူးချင်မိတယ်...
နောက်ပြီးတော့လည်း သားမသွားခင်မာမီကိုဝန်ခံစရာရှိသေးတယ်ဗျာ သားတို့အိမ်မှာအလုပ်လုပ်နေတဲ့ကောင်မလေးတစ်ယောက် သားမျက်စိကျနေတယ်မာမီ ဒါပေမယ့်မာမီသိလားအဲ့ကောင်မလေးကသားအပေါ်သိပ်ကိုအနစ်နာခံရှာတာ သားဆိုးသမျှကိုလည်းသည်းခံပေးတယ် မာမီသိတယ်မလား ရှန်းရှန်းလေ မာမီလည်းသားလိုပဲရှန်းရှန်းကိုမျက်စိကျမယ်လို့ယုံကြည့်တယ်သိလား...ဒါပေမယ့်မာမီ သားဖွင့်မပြောနိုင်ဘူး အဲ့ဒီညကမှားသွားခဲ့တဲ့ကောင်မလေးအပေါ်အပြစ်ရှိသလိုခံစားနေမိတယ်မာမီ
မင်းမိန့်ရှင်တစ်ယောက်လန်ဒန်ကိုမသွားခင်မာမီကိုလာနှုတ်ဆက်ရင်းတစ်ယောက်ထဲပြောနေမိသည်။ဘယ်သူ့ကိုမှမပြောပြနိုင်တဲ့အကြောင်းမရာတွေကိုမာမီကိုလာပြောပြရင်း...
နှုတ်ဆက်ခဲ့တယ် မာမီ သားပြန်မလာနိုင်တဲ့အတောအတွင်းအထီးကျန်နေတော့မှာပဲ သားရဲ့အချစ်ဆုံးမာမီ
မျက်ရည်လေးများနဲ့နှုတ်ဆက်စကားဆိုပြီး မာမီရဲ့အုတ်ဂူလေးကနေပြန်လာခဲ့လိုက်တော့သည်။
ŞİMDİ OKUDUĞUN
ဒဿစေလိုရာ(ongoing)
Romantizm(Unicode+Zawgyi) ဒဿစေလိုရာ မင်းငါ့ကိုအတွန့်တက်ဖို့မစဥ်စားနဲ့ ရှန်းရှန်း မင်းကငါနေဆိုနေသွားဆိုသွားမင်းကငါသုံးနေတဲ့မီးခြစ်လိုပဲ ငါလိုအပ်ရင်ထုတ်သုံးမယ် မလိုအပ်ရင် အိတ်ထဲထည့်ထားမယ် မင်းနားလည်ထားရမှာက မင်းကငါစေလိုရာနေရမယ့်သူပဲ ...