Part(13) U+Z

1.4K 67 9
                                    


"ရှင်....."

"ဟုတ်တယ် ညီမလေးညကမင်းသူနဲ့မကြီးစကားပြောဖြစ်ကြသေးတယ် ညီမလေးသွားစရာနေရာမရှိရင် မကြီးတို့အိမ်မှာနေလို့ရတယ်နော် မကြီးလည်းအဖော်ရအောင်လို့"

"ဟို...ရပါတယ်မကြီးရဲ့ ရှန်းရှန်းရွားပြန်ဖို့ဆုံးဖြတ်ထားပါတယ်"

"မပြန်ပါနဲ့ မကြီး ရှန်းရှန်းကိုမြင်ကတည်းကညီမလေးတစ်ယောက်လိုခင်တွယ်နေမိတာ"

"ရှန်းရှန်း ကတစ်ယောက်ထဲမဟုတ်ဘူးမကြီး ရှန်းရှန်းဗိုက်ထဲမှာလည်းကလေးလေးရှိနေတယ်"

"အိုး....."

ရှန်းရှန်းပြောလာတဲ့စကားကိုတုန်လုပ်ခြင်းမရှိဘဲ တုန့်ပြန်လိုက်တဲ့မကြီးကိုကြည့်ပြီး ကလေးလေးရှိတာကိုသိပြီးထားဖြစ်မယ်လို့ထင်နေမိပါတယ်။

"ကိုမင်းသူလည်း ရှန်းရှန်းအကြောင်းကိုမကြီးကိုပြောပြမှတော့ ကလေးလေးအကြောင်းပါထည့်ပြောမယ်ဆိုတာ ရှန်းရှန်းသိပါတယ် နောက်ပြီး ရှန်းရှန်းမကြီးတို့ကိုအားနာတယ် ဒီအိမ်မှာလည်းအလကားမနေချင်ဘူး"

"အဲ့လိုတွေဖြစ်မယ်ဆိုတာသိတာပေါ့ အားနာစရာမလိုပါဘူး ရှန်းရှန်းကိုဒီအိမ်မှာထမင်းချက်ခန့်မယ်လေ မကြီးရဲ့တိုင်ပင်ဖော်တိုင်ပင်ဖက်ပေါ့ကြားလား မကြီးကိုအားနာရင်နေရမယ် မကြီးတောင်းဆိုတာပါ"

"ဟို...."

ရှန်းရှန်း အဖြေပြန်မပေးခင်မှာပင် ကိုမင်းသူကဧည့်ခန်းထဲကိုဝင်လာတာကြောင့် ရှန်းရှန်းပြောတဲ့စကားတွေကရပ်တန့်သွားတော့သည်။

"ရှန်းရှန်းဆုံးဖြတ်ပြီးပြီလား...."

"ရှင်..."

"ဒီမှာနေဖို့ကိုလေ...."

"နေမှာ....နေရမှာပေါ့ ရှန်းရှန်းကိုမကြီးကညီမတစ်ယောက်လောက်လိုချင်လို့ အပြီးခေါ်ထားလိုက်ပြီ"

"ဟာ....မကြီးကလည်းဘာတွေပြောနေတာလည်း...ရှန်းရှန်း ကိုအားနာစရာကြီး"

"မဟုတ်တာ ရပါတယ် ရှန်းရှန်းဒီမှာနေဖို့ဆုံးဖြတ်လိုက်ပါပြီ"

"ကျေးဇူးပါ အခုလို ကိုယ်တို့နဲ့နေဖို့ဆုံးဖြတ်ပေးလို့"

ကိုမင်းသူ ပြောတဲ့စကားကို ရှန်းရှန်းအပြုံးလေးနဲ့ပြန်လည်တုန့်ပြန်လိုက်တော့သည်။

ဒဿစေလိုရာ(ongoing)Nơi câu chuyện tồn tại. Hãy khám phá bây giờ