ရှန်းရှန်း ဆေးခန်းသွားဖို့ရက်ချိန်းရှိနေတာကြောင့် ဝယ်စရာရှိတယ်ဆိုပြီး ဒေါ်ကြီးကိုပြောပြီး ရှန်းရှန်းတစ်ယောက်ထဲထွက်လာခဲ့လိုက်သည်။
ရှန်းရှန်း ဆေးခန်းရှေ့ကိုရောက်တော့ ဘေးဘယ်ညာကိုသေချာကြည်းပြီးမှပဲဆေးခန်းထဲကိုဝင်လာခဲ့လိုက်သည်။"ဟိုဆေးခန်းရက်ချိန်း လာပြတာပါ"
"ဟုတ်ကဲ့ ဒီဘက်ကိုလာပေးပါနော် ဝင်သွားလိုက်ညီမ အထဲမှာ ဒေါက်တာရှိတယ်"
"ဟုတ်ကဲ့"
"ရှန်းရှန်းနော် ကိုယ်ဝန်ရက်ချိန်းပြန်လာတာဆိုတော့ ကုတင်ပေါ်တက်ချက်လောက်လှဲနေပေးနော်"
"ဟုတ်ကဲ့..."
ဒေါက်တာ ကရှန်းရှန်းကိုစမ်းသပ်ပေးပြီ ဆေးတွေကိုသေချာပေးလိုက်သည်။ရှန်းရှန်းအားနည်းနေတာကိုကြည့်ပြီး အလုပ်ကြမ်းတွေသိပ်မလုပ်ဖို့အားရှိတာတွေစားဖို့သေချာမှာနေသည်။
ရှန်းရှန်းဆေးတွေကိုသေချာထုပ်ပိုးပြီး အိမ်ပြန်လာခဲ့လိုက်သည်။
ကျွီး.....
ရှန်းရှန်း မိမိဘေးနားကိုကားတစ်စီးရပ်လာတာကြောင့် ရပ်နေလိုက်သည်။"ညီမ...."
"အော်....အကို"
"ညီမ ကိုအနောက်ကကြည့်နေတာ ညီမမှန်းသိလို့ရပ်လိုက်တာ ညီမဘယ်ကိုသွားမလို့လည်းအကိုလိုက်ပို့ပေးမယ်လေ"
"ရပါတယ် ညီမကဒီနားကအိမ်မှာအလုပ်လုပ်တာပါ ရောက်ဖို့လည်း နီးနေပါပြီ ကျေးဇူးပါအကို"
"လာပါ အကိုနဲ့လမ်းသင့်နေတာပဲ လာပါ"
ရှန်းရှန်းလည်းအတင်းခေါ်နေတာကြောင့် အားနာပြီးကားပေါ်တက်လိုက်တော့သည်။
"ညီမ နာမည်ဘယ်လိုခေါ်လည်း အကိုယ့်နာမည်က မင်းသူပါ"
"ဟုတ်ကဲ့ အကိုမင်းသူ ညီမနာမည် ရှန်းရှန်းပါ"
"အွန်း ရှန်းရှန်းလှလိုက်တဲ့နာမည်လေး ဟီး"
"ရောက်ပြီနော် အကိုမင်းသူ"
"ဟင်း ရှန်းရှန်းကဒီအိမ်မှာနေတာလား ဒါကိုယ့်သူငယ်ချင်းအိမ်လေ မင်းမိန့်ရှင်"
CZYTASZ
ဒဿစေလိုရာ(ongoing)
Romans(Unicode+Zawgyi) ဒဿစေလိုရာ မင်းငါ့ကိုအတွန့်တက်ဖို့မစဥ်စားနဲ့ ရှန်းရှန်း မင်းကငါနေဆိုနေသွားဆိုသွားမင်းကငါသုံးနေတဲ့မီးခြစ်လိုပဲ ငါလိုအပ်ရင်ထုတ်သုံးမယ် မလိုအပ်ရင် အိတ်ထဲထည့်ထားမယ် မင်းနားလည်ထားရမှာက မင်းကငါစေလိုရာနေရမယ့်သူပဲ ...