Part(14) U+Z

1.6K 69 8
                                    


လမ်းတစ်လျှောက်လုံးလည်းဘာတစ်ခွန်းမှမပြောဘဲတိတ်စိတ်ငြိမ်သက်စွာရှိနေတဲ့ သခင်လေးနဲ့ရှန်းရှန်း

"မေမေ....မီးမီးတို့ကျောင်းကိုကားနဲ့သွားတာ ငယ်ငယ်တို့တွေ့ရင်ငိုနေတော့မှာပဲ ဟုတ်တယ်မလား ကိုကို"

"အင်း...."

"မီးမီး သူငယ်ချင်းတွေကိုအနိုင်မကျင့်ရဘူးနော်"

"ဟင့်အင်း...."

"မီးမီး....."

"သားနဲ့သမီးနာမည်လေးတွေဦးဦးကိုပြောပြချင်လား ဟင်"

"မီးမီးနာမည်က ဧကရီရှင်း ကိုကိုနာမည်ကမင်းနွယ်မိန့်"

"ဝိုး လှလိုက်တဲ့နာမည်လေးတွေ ဒါနဲ့ဖေဖေကကောအမြဲကျောင်းလိုက်မပို့ဘူးလား"

"ဖေဖေက ဟို......"

"ရောက်ပြီ ဒီမှာပဲရပ်လိုက်တော့နော် ကျောင်းတံခါးနားဆိုကားပိတ်မှာဆိုးလို့ လာမီးမီးဆင်း သားသားကောလာ လိုက်ပို့ပေးတာကျေးဇူးတင်ပါတယ်နော်"

ရှန်းရှန်းလည်းသခင်လေးနဲ့ကလေးတွေစကားမဆက်တော့အောင် မြန်မြန်စကားဖြတ်ပြီးကားပေါ်ကနေဆင်းလာခဲ့လိုက်တော့သည်။

"မေမေ ညနေလာကြိုရင်မုန့်ဝယ်ခဲ့နော်"

"အင်း မေမေဝယ်ခဲ့မယ် လိမ်လိမ်မာမာနေနော် မီးမီးသူငယ်ချင်းတွေနဲ့အရမ်းမဆော့နဲ့နော် သားညီမလေးကိုကြည့်နော်"

"ဟုတ် မေမေBye Bye"

"Bye....Bye"

သားနဲ့သမီးအခန်းထဲကိုဝင်သွားတဲ့ထိကိုကြည့်ပြီးမှ ရှန်းရှန်းကျောင်းလမ်းလေးကနေတဖြည်းဖြည်လျှောက်လာခဲ့လိုက်တော့သည်။

"အင့်.....သခင်လေး"

ရုတ်တရက် လှမ်းဆွဲလိုက်တာကြောင့် သခင်လေးအပေါ်မှာခန္ဓာကိုယ်လေးကမှီရပ်သားလေးဖြစ်သွားတော့သည်။

"စကားပြောရအောင်...."

"ဟို သခင်လေး ရှန်းရှန်းအလုပ်တွေရှိသေးလို့ အိမ်ပြန်ရမယ်"

ရှန်းရှန်း စကားတွေပြောနေပေမယ့်ဂရုမစိုက်ဘဲကားပေါ်အတင်းတွန်းတင်နေတဲ့သခင်လေးကြောင့် ရှန်းရှန်းခေါင်းကိုက်ရသည်။

ဒဿစေလိုရာ(ongoing)Donde viven las historias. Descúbrelo ahora