လက်ထဲကDNAစစ်ဆေးချက်စာရွက်ကိုကိုင်ပြီး ဘာစကားတစ်ခွန်းမှမဆိုဘဲ သွေးအေးစွာထိုင်နေကြသည်။ ရှန်းရှန်း ဘက်ကပြောစရာစကားမရှိဘူးဆိုတာထက် ဘာပြောရမှန်းလည်းမသိလို့တိတ်စိတ်နေတယ်ဆိုတာပိုမှန်သည်။"ကိုယ့်ကို ပြောပြဖို့အဆင်သင့်ဖြစ်ပြီလား"
"ဘာတွေသိချင်ရတာလည်း သခင်လေးက ရှန်းရှန်းပြောပြဖို့အဆင်သင့်မဖြစ်သေးပေမယ့် ပြောရမယ့်အချိန်ရောက်လာပြီဆိုတော့ပြောပြပေးပါမယ်"
"အဲ့ဒီညကလား"
"အင်းးးးးအဲ့ဒီညက......."
ရှန်းရှန်း သက်ပြင်းအရှည်ကြီးတစ်ခုကိုချပြီးအဲ့ဒီညကအကြောင်းတွေကိုပြန်လည်ပြောခဲ့လိုက်တော့သည်။ပြန်လည်ပြောပြရင်း ရှက်လာမိတာတော့အမှန်ပင်ဖြစ်သည်။
"တောင်းပန်ပါတယ်....."
ရှန်းရှန်း ပြောပြပြီးအဆုံးသတ်မှာ သခင်လေးစီကကြားလာရတဲ့စကားကြောင့် ဘယ်ဘက်ရင်ထဲကအောင့်ကနဲ့ ခံစားလိုက်ရသည်။
"ဒီစကားပြောတာနောက်ကြသွားပြီ ဆိုပေမယ့် ဒီစကားကိုလွန်ခဲ့တဲ့ ၅နှစ်ကတည်းက ကိုယ်ပြောချင်နေခဲ့တာပါ"
"ဟင့်အင်း သခင်လေး မတောင်းပန်ပါနဲ့ အဲ့ဒီညက ရှန်းရှန်း သခင်လေးနောက်ကိုမလိုက်ခဲ့ရင် အခုလိုဖြစ်မှာမဟုတ်လို့ သခင်လေးအမှားမဟုတ်ပါဘူး အဲ့ဒါကြောင့်မတောင်းပန်ပါနဲ့"
"ဒါပေမယ့် အဲ့ဒီအချိန်ကတည်းကဘာလို့ မပြောပြခဲ့ရတာလည်း ဘာလို့ ဘာလို့စံအိမ်ကထွက်သွားပြီး မင်းသူအိမ်ကိုရောက်နေခဲ့တာလည်း ဘာလို့လဲ အဲ့အကြောင်းတွေကိုကော ဘာလို့မပြောပြရတာလဲ "
ရှန်းရှန်း အဲ့ဒီညကအကြောင်းတွေပဲပြောပြခဲ့တာ စံအိမ်ကထွက်လားပြီး ကိုမင်းသူအိမ်ရောက်လာတဲ့အကြောင်းတွေ သခင်လေးကိုမပြောပြခဲ့ဘူး ဟင့်အင်းပြောလည်းမပြောပြချင်ဘူး သခင်လေးကို တဖက်သတ်ချစ်ခဲ့ရတဲ့ ရှန်းရှန်းရဲ့အတိတ်အကြောင်းတွေကိုမပြောပြချင်ဘူးဆိုပိုမှန်လိမ့်မည်။
မင်းမိန့်ရှင် မေးလိုက်တဲ့မေးခွန်းတွေကိုကြားပြီး တွေဝေနေတဲ့ ရှန်းရှန်းကိုကြည့်ပြီး စိတ်ထဲဝေခွဲရခက်နေသည်။မေးခွန်းတွေကရှန်းရှန်းကိုယ်ကျင့်တရားကိုစော်ကားသလိုဖြစ်သွားသလား။မိမိကိုကိုယ်ပြန်လည်မေးမြန်းနေရတော့သည်။
ပင်ပန်းခဲ့မှာအရမ်းကိုပင်ပန်းခက်ခဲ ခဲ့မှာကိုတွေးရင်းစိတ်မကောင်းဖြစ်မိသည်။သူများတွေသား သမီးတစ်ယောက်စီရှိတာတောင် မိဘနှစ်ယောက်ထိန်းကျောင်းခဲ့ရတာ ရှန်းရှန်းဘယ်လိုများသားနဲ့သမီးကိုအခုအရွယ်ထိထိန်းခဲ့ရတာလည်းဆိုတာကိုတွေးရင်းပူပန်လာတော့သည်။
ESTÁS LEYENDO
ဒဿစေလိုရာ(ongoing)
Romance(Unicode+Zawgyi) ဒဿစေလိုရာ မင်းငါ့ကိုအတွန့်တက်ဖို့မစဥ်စားနဲ့ ရှန်းရှန်း မင်းကငါနေဆိုနေသွားဆိုသွားမင်းကငါသုံးနေတဲ့မီးခြစ်လိုပဲ ငါလိုအပ်ရင်ထုတ်သုံးမယ် မလိုအပ်ရင် အိတ်ထဲထည့်ထားမယ် မင်းနားလည်ထားရမှာက မင်းကငါစေလိုရာနေရမယ့်သူပဲ ...