"ရှန်းရှန်းရဲ့ကလေးအဖေကို ဒေါ်ကြီးသိနေတာလား"သခင်လေးကအခုလိုမေးလာပြီဆိုကတည်းကတစ်ခုခုကိုများရိပ်စားမိသွားပြီလားဆိုတာကိုဒေါ်ရီရီအတွေးတွေများရတော့သည်။
"သခင်လေး....."
"Oh!.....Sorry မင်းမိန့် ဆူစံဝင်လာတာအနှောင့်အရှက်များဖြစ်သွားသလား"
"ပြောစရာရှိလို့လား....ပြောလေ"
"သွားခွင့်ပြုပါအုန်း.....သခင်လေး"
"ဟုတ်ကဲ့ ဒေါ်ကြီး"
"မင်းမိန့် ဆူစံ Shoppingသွားဖို့အဲ့ဒါလိုက်ပို့ပေးပါလား"
"အင်း "
"အာ့ဆို ခနနော် ဆူစံအဝတ်လှဲလိုက်အုန်းမယ်"
"ဟုတ်ပီ ကိုယ်အောက်ထပ်ကစောင့်နေလိုက်မယ်"
မင်းမိန့်ရှင် ဆူစံကိုစောင့်ဖို့အောက်ထပ်ကိုဆင်းလာရင်းအတွေးတွေက ရှန်းရှန်းတို့ရဲ့သားအမိတွေကိုပဲမြင်ယောင်လာမိတာကြောင့် ကားမောင်းပြီး မင်းသူတို့အိမ်ကိုထွက်လာခဲ့လိုက်တော့သည်။
ကားသံကြောင့် ဆူစံအောက်ထပ်ကိုအပြေးလေးဆင်းလာခဲ့ပေမယ့် မင်းမိန့်ရဲ့ကားကိုမမှီလိုက်တော့ပေ။"မေမေ ကိုကိုကမီးနဲ့မဆော့ဘူး"
"မီးမီး ကိုကိုကပုံဆွဲနေတာလေ နောက်မှဆော့နော်"
"ဟင့် မေမေဆို အာ့တိုင်းပဲ "
သမီးငယ်လေးဆူပုပ်ပုပ်လုပ်ပြီးထွက်သွားတာကိုကြည့်ပြီး ရှန်းရှန်းတော့ခေါင်းတစ်ခါခါနဲ့ကျန်ခဲ့ရတော့သည်။သားကတော့ ထမင်းစားစားပွဲမှာပုံတွေဆွဲနေတာကိုကြည့်ပြီး ပြုံးမိတာတော့အမှန်ပင်။သားကိုသေချာလေးစိုက်ကြည့်လိုက်မိတော့ တစ်ဦးတစ်ယောက်နဲ့တူနေတယ်ဆိုတာကို ရှန်းရှန်းသိသည်။
တီး......တီး.....တီး
ကားဟွမ်းတီးသံကြောင့် အိမ်မှာမကြီးနဲ့ကိုမင်းသူတို့မရှိတာကြောင့် ရှန်းရှန်းအိမ်အပြင်ကိုမြန်မြန်လေးထွက်လာခဲ့လိုက်သည်။
ရှန်းရှန်း ထွက်လာတော့ခြံတံခါးကဖွင့်လျက်နဲ့ သမီးကိုလည်းမတွေ့ကားကတော့ အိမ်ရှေ့ကိုမောင်းနှင်လာလေပြီ။
ကားပေါ်က ဆင်းလာသူကိုကြည့်ပြီး ရှန်းရှန်းမလှုပ်မရှက်ဘဲရပ်နေမိသွားတော့သည်။
ESTÁS LEYENDO
ဒဿစေလိုရာ(ongoing)
Romance(Unicode+Zawgyi) ဒဿစေလိုရာ မင်းငါ့ကိုအတွန့်တက်ဖို့မစဥ်စားနဲ့ ရှန်းရှန်း မင်းကငါနေဆိုနေသွားဆိုသွားမင်းကငါသုံးနေတဲ့မီးခြစ်လိုပဲ ငါလိုအပ်ရင်ထုတ်သုံးမယ် မလိုအပ်ရင် အိတ်ထဲထည့်ထားမယ် မင်းနားလည်ထားရမှာက မင်းကငါစေလိုရာနေရမယ့်သူပဲ ...