မင်းမိန့်ရှင် မနက်စာ စားတော့ ရှန်းရှန်းကိုရှာနေမိတာအမှန်ပင် ဒါပေမယ့်မတွေ့ ထူးဆန်းတာက ဒေါ်ကြီးနဲ့မိပုကိုလည်းမတွေ့ဘူးဖြစ်နေသည်။ဘာများဖြစ်လို့ပါလိမ့်လို့တွေးနေတုန်း ဒေါ်ကြီးကစိတ်နဲ့ကိုယ်မကပ်ဟန်ဖြင့် ထမင်းစားခန်းအတွင်းဝင်လာတာတွေ့တာကြောင့် ချောင်းဟန့်သံပေးလိုက်မိသည်။အဟမ်း....
"သခင်လေး ဘာများအလိုရှိလို့ပါလဲ"
"ဒေါ်ကြီး ဘာများဖြစ်နေတာလဲ မျက်နှာလည်းမကောင်းပါလား နေများမကောင်းလို့လား"
"ဟမ်း....နေကောင်းပါတယ် သခင်လေး"
ခြေသံတွေကြားရလို့လှည့်ကြည့်လိုက်တော့ နောင်နောင်နဲ့မင်းသူက ခေါင်းမွှေးစုပ်ဖွာတွေနဲ့ထမင်းစားခန်းထဲဝင်လာတာကြောင့်ကြည့်နေမိလိုက်သည်။
"ညကတော်တော်ပြင်းသွားတယ်ကွာ....မင်းမိန့် အစောကြီးနိုးနေလို့ပါလား"
"အေ....လာထိုင် မနက်စာစားပြီးတော့ကျောင်းအတူတူသွားကြတာပေါ့"
"အေ....နောင်နောင် ငါညကအရမ်းမူးနေတာမင်းမှတ်တမ်းတင်ထားသေးလား ယျောင့်"
"မတင်ထားပါဘူးကွာ ညကငါလည်းမူးနေတော့မှတ်တမ်းတင်ဖို့အာရုံမရပါဘူး"
မင်းသူ လာချပေးတဲ့မနက်စာကိုစားရင်မျက်လုံးလေးကစားပြီး ရှန်းရှန်းကိုရှာကြည့်ပြန်တော့မတွေ့ဘူးဖြစ်တာကြောင့်မနက်စာဆက်မစားတော့ဘဲဖုန်းထိုင်သုံးနေလိုက်တော့သည်။
အားလုံးမနက်စာစားပြီး ထသွားဖို့ပြင်နေချိန်မှာ ဒေါ်ကြီးတစ်ယောက် မိမိကိုကြည့်နေတာကြောင့်တစ်ခုခုပြောစရာရှိမှန်းသိနေတာကြောင့် မင်းသူနဲ့နောင်နောင်ကိုအရင်သွားခိုင်းလိုက်ပြီး ဒေါ်ကြီးနဲ့စကားပြောဖို့ မာမီရဲ့စာကြည့်ခန်းဘက်ကိုထွက်လာခဲ့လိုက်ကြသည်။"သခင်လေး ဘာများပြောစရာရှိလို့လည်း"
"ကျွန်တော်ပြောမှာမဟုတ်ဘူး ဒေါ်ကြီးပြောရမှာ ဒေါ်ကြီး ကိုကြည့်ရတာပြောစရာရှိနေတဲ့ပုံပဲလေ ပြောပါ"
ဒေါ်ရီရီ တစ်ယောက်ရှန်းရှန်းရဲ့အကြောင်းကိုသခင်လေးကိုပြောပြလိုက်ရင်ကောင်းမလားသင့်တော်ရဲ့လားဆိုတဲ့အတွေးတွေဟာခနလေးအတွင်းမှာကိုခေါင်းတစ်ခုလုံးကိုပြောင်းဆန်သွားတော့သည်။
ESTÁS LEYENDO
ဒဿစေလိုရာ(ongoing)
Romance(Unicode+Zawgyi) ဒဿစေလိုရာ မင်းငါ့ကိုအတွန့်တက်ဖို့မစဥ်စားနဲ့ ရှန်းရှန်း မင်းကငါနေဆိုနေသွားဆိုသွားမင်းကငါသုံးနေတဲ့မီးခြစ်လိုပဲ ငါလိုအပ်ရင်ထုတ်သုံးမယ် မလိုအပ်ရင် အိတ်ထဲထည့်ထားမယ် မင်းနားလည်ထားရမှာက မင်းကငါစေလိုရာနေရမယ့်သူပဲ ...