"ဦးဦး...ဒီမှာအိပ်မယ်မလား ဟင်"သားကမျက်နှာငယ်လေးနဲ့မေးနေပေမယ့် သခင်လေးကတော့ ဝေခွဲရခက်တဲ့မျက်နှာဖြစ်နေကြောင့် ရှန်းရှန်းကပဲ စကားဆိုရတော့မည်။
"မရဘူးလေ သားရဲ့ ဦးဦးကအိမ်ပြန်ရမှာလေ မနက်ကြ ဦးဦးကအလုပ်သွားရအုန်းမှာ နောက်ပြီးအိပ်
ဖို့ကုတင်လည်းမရှိတော့ဘူးလေနော်""အင့်...ဟီးးးးးး.....မရဘူး ဦးဦးနဲ့အိပ်ချင်တာ မရဘူး အဟင့်အဟင့်"
"သား မဆိုးရဘူးနော် မေမေပြောနေတယ် မငိုတော့နဲ့ တိတ်တော့ မင်းနွယ်မိန့် တော်ပြီလို့ပြောနေတယ်နော်"
"တော်ပါတော့ ရှန်းရှန်းရာယ် သားကိုမဆူနဲ့တော့ မငိုနဲ့တော့နော် သား ဦးဦးဒီမှာအိပ်မယ်ဟုတ်ပြီလား တိတ်တော့ သားကလိမ်မာပါတယ်ကွာနော်"
"ဟုတ် အင့် ဟင့်"
သခင်လေးချော့တော့ချက်ချင်းကိုတိတ်သွားသော သားကိုကြည့်ပြီး ရှန်းရှန်း ရင်ထဲမှာဝမ်းနည်းမူများအလိုလိုလိမ့်တက်လာခဲ့တော့သည်။
"မေမေ မီးမီးအိပ်ချင်ပြီ မီးကိုချော့တိတ်"
"အွန်း လာမေမေသမီးလေး မေမေကချော့တိတ်မယ်"
"ဦးဦးကဒီမှာအိပ်မှာဆိုတော့ မီးမီးလည်းဦဦးနဲ့အိပ်မယ်နော် နော် မေမေ"
"သဘော....."
"မေမေနဲ့လည်းအိပ်ချင်တယ် ဦးဦးနဲ့လည်းအိပ်ချင်တယ် တူတူအိပ်မယ်လေ ရဘူးလား"
"ရတာပေါ့ ဦးဦး ကုတင်ဆက်ပေးမယ် အားလုံးအတူတူအိပ်လို့ရအောင်လို့"
"ရေး.....ရေးးးး"
"မီးမီး မအော်ရဘူး ကိုကိုနားမှာထိုင်နေသွား"
ရှန်းရှန်းလည်း ကလေးတွေအိပ်မှသခင်လေးကိုပြန်ဖို့ပြောရမည်မဟုတ်ရင် အမွှာတွေကလွယ်တာမဟုတ်ဘူး ငိုကြောရှည်တော့မည်။
ငူငူငိုင်ငိုင်နဲ့ကုတင်ကိုလာရွေ့ကူနေသော ရှန်းရှန်းကိုကြည့်ပြီး မင်းမိန့်ရှင် အားမလိုအားမရဖြစ်တာတော့အမှန်ပင်ဖြစ်သည်။
ကုတင်တွေရွေ့ပြီး အိပ်ယာခင်းတွေအားလုံးခင်းပြီးကာမှ အိပ်ဖို့ပြင်တော့ ချော့သိပ်မှအိပ်တဲ့ ဧကရီရှင်းလေးက သူ့ကိုကိုဘေးမှာအိပ်ပျော်နေလေသည်။
ŞİMDİ OKUDUĞUN
ဒဿစေလိုရာ(ongoing)
Romantizm(Unicode+Zawgyi) ဒဿစေလိုရာ မင်းငါ့ကိုအတွန့်တက်ဖို့မစဥ်စားနဲ့ ရှန်းရှန်း မင်းကငါနေဆိုနေသွားဆိုသွားမင်းကငါသုံးနေတဲ့မီးခြစ်လိုပဲ ငါလိုအပ်ရင်ထုတ်သုံးမယ် မလိုအပ်ရင် အိတ်ထဲထည့်ထားမယ် မင်းနားလည်ထားရမှာက မင်းကငါစေလိုရာနေရမယ့်သူပဲ ...