Part(5) U+Z

2.6K 89 17
                                    


ရှန်းရှန်း သခင်လေးအခန်းကိုသန့်ရှင်းရေးလုပ်နေတုန်းမှာပဲ ဟိုနေ့ကအကြောင်းကိုတွေးမိပြီ မိမိတစ်ယောက်ထဲမှတ်မိနေပြီးသတိရနေတာလားဆိုတာကိုမသဲကွဲဘူးဖြစ်နေသည်။သခင်လေးနဲ့တွေ့လိုက်တဲ့အချိန်တိုင်း ရှန်းရှန်းဘက်ကပဲ ရင်ခုန်နေမိနေလား အတွေးများစွာဖြစ်နေရသည်။

"ရှန်းရှန်း...."

"ရှင်......ရှင်....သခင်လေး"

"ဘာတွေတွေးနေတာလဲ လုပ်စရာရှိတာအမြန်လုပ်ပြီးရင်သွား​တေ့ာ"

"ဟုတ်ကဲ့..."

မင်းမိန့်ရှင် ရှန်းရှန်းအလုပ်လုပ်နေတဲ့ပုံလေးကိုကြည့်ပြီး ရင်ခုန်လာမိသည်။ဒါပေမယ့်လည်း ဟိုနေ့ညကမှားခဲ့တဲ့အဖြစ်အပျက်တွေကိုပြန်တွေးကြည့်ပြီး မင်းမိန့်ရှင့် စိတ်ညစ်နေမိသည်။မင်းမိန့်ရှင် ရှန်းရှန်းကိုချစ်လာရင်တောင်အဲ့အချစ်ကိုဖွင့်မပြောဘဲငြိမ်ခံနေလိုက်မည်။သခင်နဲ့အစေခံ ဘယ်လိုမှမအပ်ဆက်နိုင်ဘူး မင်းမိန့်ရှင်မိမိရဲ့ခံစားချက်ကိုရှေ့တန်းတင်လို့မဖြစ်ပေ။
မိမိအလုပ်လုပ်နေတာကို သခင်လေးကကြည့်နေတာကြောင့်ရှန်းရှန်း ရှက်နေမိတာတော့အမှန်ပင်။
ရှန်းရှန်း သခင်လေးရဲ့ရှေ့မှာကြာကြာမနေလိုတာကြောင့်အလုပ်လုပ်ပြီး မြန်မြန်ထွက်လာခဲ့လိုက်သည်။

"ဟေ့ နင်ကဘာလို့မင်းမိန့်ရှင်အခန်းထဲကထွက်လာတာလဲ"

"သန့်ရှင်းရေးသွားလုပ်ပေးတာပါ"

"မင်းမိန့်ရှင်ကောရှိနေလား"

"ဟုတ်ကဲ့ ရှိပါတယ်"

"အေ ကိုယ့်အဆင့်ကိုသိရင်ကောင်းမယ်နော် သိပ်မပြောချင်ဘူး"

"ဟုတ်ကဲ့ပါ....."

ရှန်းရှန်း ရင်မခုန်သင့်တဲ့လူကိုရင်ခုန်နေမိတာကိုသူများတွေကသတိထားမိနေတော့ ရှန်းရှန်း ပြောခံရတာတန်တယ်လိုလည်းထင်မိပါသည်။ရှန်းရှန်း ဝမ်းနည်းမိသည် သခင်လေးနဲ့မှားခဲ့တာကြောင့် ရှန်းရှန်းဘက်ကသဘောကျနေတယ်ဆိုတာဝန်ခံမိတယ်ဆိုပေမယ့် မမလေးဆူစံပြောသလိုကိုယ့်အဆင့်အတန်းကိုသိရမယ်လေ

"ရှန်းရှန်း ဘာငိုင်နေတာလည်း"

"ဒီလိုပါပဲ မိပုငါရွာပြန်ရင်ကောင်းမလားလို့စဥ်းစားနေတာ"

ဒဿစေလိုရာ(ongoing)Where stories live. Discover now