S E V E N

498 51 0
                                    

Zawgyi
_________
သိပ်မကြာခင် ရက်ပိုင်းအတွင်းမှာ Ha In က ကျောင်းပြောင်းလာတယ်..။ အရပ်ရှည်ရှည် အပြုံးချိုချိုနဲ့ Ha In က ခနလေးအတွင်းမှာပဲ ကျောင်းက ကောင်မလေးတွေကြားမှာ ရေပန်းစားသွားတယ်..။

'' Baekhyunah ဒီနေ့ နေ့လည်စာ ငါနဲ့ လိုက်စားပါလား
ငါကျောင်းပြောင်းလာကထဲက မင်းကိုအခုထိဘာမှမကျွေးရသေးဘူး ''

ခေါင်းငုံ့ပြီးစာရေးနေတဲ့ Baekhyun နားကို Ha In က အသာလေးကပ်ပြီးပြောလိုက်တော့ စာရေးနေတဲ့ Baekhyun လက်လေးတွေရပ်သွားတယ်။
Baekhyun ခနစဉ်းစားကြည့်လိုက်တော့ Ha In ပြောတာလည်းဟုတ်ပါတယ် ၊ သူလည်း ငယ်ငယ်က အတန်းဖော်တစ်ယောက်ကို ကျောင်းသစ်မှာ ပြန်တွေ့ရတဲ့အချိန်မှာ အနည်းနဲ့အများတော့ ခင်မင်ချင်မိမှာပဲ ၊

'' အင်း ရပါတယ် ခနနေ အတန်းဆင်းရင် သွားမယ်လေ ''

Baekhyun ဖြေလိုက်တော့ Ha In ခပ်သာသာပြုံးလိုက်မိတယ်၊ မင်းကသိပ်ချစ်စရာကောင်းတာပဲ Baekhyun။

----------------------------------------------------------------------

Baekhyun တို့ကျောင်းက ကန်တင်းမှာထိုင်ရင်း Chanyeol တစ်ယောက်စိတ်တိုနေရတယ် ၊
ဘေးနားက Jongdae နဲ့ Jungmin စကားပြောတာ နားထောင်နေရင်း ရှေ့မှာချထားတဲ့ သခွားသီးတွေကို တကြွပ်ကြွပ်ဝါးစားပစ်လိုက်တယ် ။

အသစ်ပြောင်းလာတဲ့ Cha Ha In ဆိုတဲ့တစ်ယောက်က Baekhyun နားမှာပဲ ကပ်နေပါသတဲ့၊ Jongdae ပြောပုံအရ သူတို့ကငယ်သူငယ်ချင်းတွေတဲ့ ။

သူ့ Baekhyun လေးကတော့ အတန်းခေါင်းဆောင် မို့လို့ကျောင်းသားသစ်ကို ဂရုစိုက်ပေးနေတာဖြစ်နိုင်ပေမဲ့ Ha in ဆိုတဲ့ တစ်ယောက်ကိုတော့ မယုံရေးချ မယုံ၊
Baekhyun လေးကသိမ်းထားချင်စရာကောင်းအောင် ချစ်ဖို့ကောင်းနေတာမို့လို့ Chanyeol ကတော့ ဘယ်သူနဲ့မှစိတ်ချမပေးနိုင်ပါ။

ကိုယ်ကသာတစ်ယောက်ထဲစိတ်တွေပူ သဝန်တွေတိုနေရပေမဲ့ Baekhyun ကတော့ သူစာအကြောင်းတစ်ရာပို့မှ တစ်ကြောင်းလောက်သာပြန်သည်..၊ အဖြေပေးဖို့ကိုလည်း စဉ်းစားဦးမယ် ပြောပေမဲ့ အခုပုံအတိုင်းဆို အငြင်းခံရဖို့က သေချာသလောက်ရှိသည်။

'' ဟေ့ကောင် Chanyeol ဟိုမှာ Baekhyun လာပြီ ဘေးနားမှာ ကျောင်းသားသစ်နဲ့ ''

P A P E R C U T S Where stories live. Discover now