Twenty Four [ Zawgyi]

249 8 0
                                    

'' အားလုံးပဲ ဒီနေ့ တစ်ရုံးလုံးအတွက် ကျွန်တော် Sushi တွေမှာထားပါတယ် ခနနေလာပို့ပါလိမ့်မယ် ''

Chanyeol စကားအဆုံး ဝန်ထမ်းတွေက လက်ခုပ်လက်ဝါးတီးကာ ဟေးခနဲထအော်ကြသည်။ Chanyeol ဘေးက Baekhyun ကို ဂျုံအင်းက အဝေးကနေ လက်သီးထောင်ပြနေသည်။ ကြည့်ရတာ သူ ပဲခေါက်ဆွဲဖိုးရှင်းလိုက်ရလို့ တင်းနေတာဖြစ်မည်။

'' ပြီးတော့ တဆက်ထဲ ''

Chanyeol က ပြောပြောဆိုဆိုနဲ့ Baekhyun နဲ့အတူဆုပ်ကိုင်ထားသော လက်ကို ခပ်မြင့်မြင့် မြှောက်ပြလိုက်သည်။ မထင်မှတ်ထားတာကြောင့် Baekhyun လည်းကြောင်ပြီးရပ်နေမိသည်။

'' မောင် ''

Baekhyun လေသံလေးနဲ့ ခေါ်လိုက်တော့ မောင်က Baekhyun ကိုငဲ့ကြည့်လာကာ ပြုံးပြလာသည်။ ပြီးမှ

'' ကျွန်တော်နဲ့ Byun Baekhyun က အထက်တန်းကျောင်းကထဲက တွဲခဲ့ကြတာပါ ရုံးထဲမှာ Baekhyun နဲ့ပက်သက်ပြီး မဟုတ်တမ်းတရားတွေ ဖြန့်နေကြတယ်လို့ ကြားထားပါတယ် ဒါပထမဆုံးနဲ့ နောက်ဆုံးအကြိမ်ဖြစ်ပါစေလို့ သတိပေးလိုက်ပါတယ် မဟုတ်ရင် ကျွန်တော့်အဆိုးမဆိုပါနဲ့ ကျွန်တော့်ချစ်သူက နှစ်တွေအကြာကြီး ကျွန်တော့်အတွက်ရှိလာမို့ သူ့ကိုစကားနဲ့ရော ကိုယ်ထိလက်ရောက်ပါ ထိခိုက်စေမှာမျိုး လုံးဝခွင့်မပြုနိုင်ပါဘူး အဲ့ဒါလေးပြောချင်လို့ပါ ''

မောင့်စကားဆုံးတော့ တစ်ရုံးလုံးကလည်း ကြက်သေ သေလို့။ ဘေးနားက Baekhyun ကလည်း ရင်တွေခုန် ပြီး တောင့်တောင့်ကြီးရပ်နေမိ၏ ။ သူ့ကိုမကောင်းပြောတယ်ဆိုတာ  သူကမသိပေမဲ့ မောင်ကသိနေခဲ့သည်​ပေါ့။ တကယ်ကို မောင်က ချစ်စရာကြီး။

ခနကြာမှ Baekhyun တို့ဌာနက မန်နေဂျာကြီးက

'' ဂုဏ်ပြုပါတယ် ဥက္ကဌကြီး ဖြောင်း ဖြောင်း ဖြောင်း ''

ဆိုမှ ကျန်တဲ့သူ​တွေကလည်း လက်ခုပ်ထတီးလို့တီး၊ ခါးကုန်းပြီးနှုတ်ဆက်တဲ့သူက နှုတ်ဆက်နဲ့ ဗြောင်းဆန်ကုန်ကြသည်။

'' Baby စိတ်ဆိုးသွားလား ''

မောင်က Baekhyun နားရွက်နား​လေးကို အသာလေးကပ်​ပြော​တော့ အသဲယားလို့ တွန့်သွားမိသည်။ မောင့်ဝင်သက် ထွက်သက် နွေးနွေးလေးကိုတောင် ခံစားမိလိုက်သလို။

P A P E R C U T S Where stories live. Discover now