'' အဲ့ကောင်လေးက ဘယ်သူလဲ မောင့်ကို ဘာလို့အဲ့လောက်ကပ်နေရတာလဲ '''' မောင်ပြောပြီးပြီလေကွာ ရှယ်ယာရှင်တစ်ယောက်ရဲ့သားလို့ ''
'' အဲ့ဒါဒီလောက် ကပ်စရာလိုလို့လား ''
လက်ထဲက သတင်းစာကို စားပွဲပေါ်ပစ်ချကာ Baekhyun ပြောတော့ မောင်ကသက်ပြင်းချသည်။ မောင်ငါ့ကို သက်ပြင်းချတတ်နေပြီပေါ့။
'' မောင်ငါ့ကို ငြီးငွေ့နေရင်လည်းပြော သားကိုခေါ်ပြီး ငါထွက်သွားမယ် ''
'' Byun Baekhyun! အဲ့စကားကို ပြောစရာလား! ''
Chanyeolက ထိုင်နေရာမှ ဒေါသတကြီးမတ်တပ်ရပ်ကာ ပြော၏ ။ Chanyeol အော်သံကြား၍ထင်၊ သားက အပေါက်ဝနားမှာ ဆော့နေရာမှ ပြေးလာပြီး Baekhyun ခြေထောက်ကိုလာဖက်သည်။
'' ဒီကိစ္စက ဘယ်လောက်ကြီးလို့ အဲ့လောက်ဖြစ်နေရတာလဲ
နောက်လည်းပတ်သက်စရာမရှိဘူးလို့ ပြောပြီးပြီလေ '''' ငါအဲ့လောက်ဖြစ်နေတာမဟုတ်ဘူး မောင့်မှာ ယောကျာ်းနဲ့ သားနဲ့ အနေအထိုင် ဆင်ခြင်ရမှာမလား အခုကြည့်ဦး အဲ့ကောင်လေးက မောင့်ရင်ခွင်ထဲ ဝင်မတတ်ပဲ ပါလာတော့လည်း သတင်းစာမျက်နှာဖုံးမှာ ငါဘယ်လိုခံစားရမလဲ တွေးကြည့်လေ မောင် ''
'' မဟုတ် ကျစ် ဟုတ်ပြီ မောင်တောင်းပန်တယ်လို့ ပြောပြီးပြီလေ မောင်လည်း ရှယ်ယာရှင်တွေနဲ့ စကားပြောနေတာမလို့ အဲ့ကောင်လေး အဲ့လောက်ကပ်နေမှန်းလည်းမသိလိုက်ဘူး ဓာတ်ပုံရိုက်သွားတာလည်း မသိလိုက်ဘူး ''
'' အဲ့ဒါကိုက မဟုတ်တာ ကိုယ့်နားကို အဲ့လောက်လူတစ်ယောက်လုံး ကပ်နေတာ မသိစရာလား မောင်က ကန်းနေတာလည်းမဟုတ် ''
'' ကျစ် ဟာကွာ ''
စိတ်ပျက်လက်ပျက်နဲ့ ခေါင်းကို ဆံပင်တွေကို ဆွဲဖွနေတဲ့ မောင့်ကိုကြည့်ပြီး Baekhyun ငိုချင်လာသည်။ မောင်အရင်လို သူ့ကို စိတ်မရှည်တော့ဘူး။
ခြေထောက်နားမှာ ငြိမ်ငြိမ်လေးရပ်နေတဲ့ သားကို မချီလိုက်သည်။ ထို့နောက် အိမ်ပေါက်ဝကိုဦးတည်လျှောက်တော့ အနောက်ကနေ မောင့်ခြေသံကို ကြားရ၏ ။