T W E L V E

451 52 1
                                    

Zawgyi
------------

ပင်လယ်ပြင်ကို ခပ်ငေးငေးကြည့်နေတဲ့ ကောင်လေးအေးနေမှာစိုးလို့ သူဝတ်ထားတဲ့ အပေါ်ကုတ်ကိုချွတ်ပြီး ခြုံပေးလိုက်သည်။ လေတဟူးဟူးတိုက်နေတာမို့ ကောင်လေးရဲ့ ဆံပင်လေးတွေကခါယမ်းလို့။

'' Chanyeol အေးနေပါမယ် ပြန်ဝတ်ထားပါ ''

'' မောင်လို့ခေါ် ''

'' အမ် ''

'' ရည်းစားတွေဖြစ်ပြီဆိုတော့ အခေါ်အဝေါ်တစ်ခုခုရှိတာမကောင်းဘူးလား နာမည်ခေါ်တာသူစိမ်းဆန်သလိုခံစားရတယ်လေ ''

Baekhyun ကခပ်ရေးရေးပြုံးလိုက်ပြီး Chanyeol ပုခုံးပေါ်ကို သူ့ခေါင်းလေးကိုမှီတင်လိုက်သည်။

'' အင်း ခေါ်မယ် ဒါပေမဲ့ မခေါ်ခင် ကျွန်တော်တစ်ခုမေးတာအရင်ဖြေပေး ''

'' မေးလေ Baby ကိုယ် Baby ပြောစရာတစ်ခုခုရှိနေမှန်းသိတယ် ပြောလာမဲ့အချိန်ကိုစောင့်နေတာ ''

Chanyeol ရဲ့ လက်ဖဝါးကြီးကြီးတစ်ဖက်က သူ့ဆံပင်တွေကို ဖွသပ်ပေးနေတာကို Baekhyun ခံစားမိသည်။

'' Chanyeol အကြောင်းပြောပြ ''

ခေါင်းပေါ်ရွေ့လျားနေတဲ့အထိအတွေ့လေးကရပ်တန့်သွားပြီး တစ်ဖက်လူက Baekhyun ကို ငုံ့ကြည့်လာသည်၊ ပင်လယ်လေတွေကတော့ တဟူးဟူးတိုက်နေဆဲ။

'' ကိုယ့်အကြောင်းကတော့ ဘာမှထူးထူးခြားခြားမရှိပါဘူး Baby ရဲ့ ကိုယ့်မိဘတွေက ကိုယ်ငယ်ငယ်ကထဲက ကွာရှင်းတယ် ကိုယ့်အမေက အဲ့ကထဲက ကိုယ့်အဘိုးအဘွားတွေရှိတဲ့ Canada ကိုသွားနေခဲ့တယ် ကိုယ့်ကိုလိုက်ခဲ့ဖို့ခေါ်ပေမဲ့ ကိုယ်မလိုက်ချင်ခဲ့ဘူး ကိုးရီးယားမှာပဲနေချင်ခဲ့တယ် ကိုယ်အထက်တန်းစတတ်ကထဲက ကိုယ့်အဖေနဲ့အိမ်ခွဲနေခဲ့တယ် ဒါပဲ ကိုယ့်အကြောင်းက ''

Chanyeol စကားဆုံးတာနဲ့ ပုခုံးပေါ်မှီနေတဲ့ကောင်လေးက မော့ကြည့်လာသည်။ မဟုတ်သေးဘူး သူဖြေပြီးတာတောင် Baby ရဲ့ မျက်လုံးတွေကထဲက အရိပ်တွေကပျောက်မသွားသေးဘူး။ ဘယ်သူကများ သူ့ကောင်လေးကို ဘာတွေပြောထားတာလဲ။

'' Chanyeol ''

'' အင်း Baby ''

'' ဒီနေ့လေ ကျွန်တော် အကြောင်းအရာတစ်ခုကိုကြားခဲ့တယ် ''

P A P E R C U T S Where stories live. Discover now