EXTRA 2 [ Zawgyi]

174 5 0
                                    

ကြီးမားသော ခြံဝင်းကြီးထဲ ကားတစ်စီးဆိုက်ရောက်လာသည်၊အနက်ရောင်စံအိမ်ကြီးကထည်ဝါလျက်။ Chanyeol ခေါင်းဆောင်ဖြစ်ကထဲက ဂိုဏ်းကို နေရာရွှေ့လိုက်တာမို့ ယခင်က ဂိုဏ်းသားတွေနဲ့ ပြည့်နေတဲ့ စံအိမ်ဝင်းကြီးက အခုတော့ခြောက်ကပ်နေသည်။

သားကတော့ ဒီစံအိမ်ကြီးကို အတော်သဘောကျတာမို့ ရောက်တိုင်း သိသိသာသာရွှင်မြူးနေသည်။ စံအိမ်ရှေ့ကို ကားရောက်တာနဲ့ David က တံခါးလာဖွင့်ပေးသည်။ David ကို ဒယ်ဒီက အနားယူခိုင်းပေမဲ့ David က အခုထိ ဒယ်ဒီ့အနားမှာပဲနေကာ အနီးကပ်စောင့်ရှောက်ပေးသည်။

'' ရောက်လာကြပြီပဲ သခင်ကြီးကမင်းတို့ကိုမျှော်နေတာ ''

'' ဟုတ်မှလည်းပြောပါ David ရယ် Daddy လား ကျွန်တော်တို့ကို မျှော်နေမှာ ''

Chanyeol စလိုက်တော့ David က ခပ်ပြုံးပြုံးနဲ့ မင်းမသိပါဘူးဆိုပြီးပြောသည်။

'' အူး အူး ''

သားဝတုတ်ကတော့ David ကိုမြင်တာနဲ့ Baekhyun လက်ပေါ်က ဆင်းချင်နေကာ ကော့လန်ထိုးနေသည်။

'' သားက David ဆီကိုသွားချင်နေတာထင်တယ် ''

'' လာပါဦး ဝတုတ်ကလေး ''

'' ခစ်ခစ် ''

David ကသူ့ရဲ့ နှုတ်ခမ်းမွှေးတွေနဲ့ သားမျက်နှာကို တို့ပြီးလိုက်စတော့ သားက တခစ်ခစ်နဲ့ သဘောတွေကျနေလျက်။
သားနဲ့ David ကိုခနထားခဲ့ပြီး မောင်က Baekhyun လက်ကိုတွဲကာ အိမ်ထဲကိုဝင်ခဲ့သည်။

အိမ်ထဲမှာ အလုပ်သမားတွေပဲ ဟိုတစ်ယောက်၊ ဒီတစ်ယောက်ရှိကာ သူ့အလုပ်သူလုပ်နေကြသည်။ Baekhyun တို့နဲ့ ရင်းနှီးတဲ့ အလုပ်သမားခေါင်းဆောင်က သူတို့ဆီလျှောက်လာသည်။

'' သခင်ကြီးက စာဖတ်ခန်းထဲမှာပါ သခင်လေး ''

'' ကျွန်တော်သိပြီ ''

စာဖတ်ခန်းက ဒုတိယထပ်မှာရှိတာမို့ ကော်ဇောနုနုလှေကားနေတစ်ဆင့်တက်ခဲ့ကြသည်။ အစက ကော်ဇောမခင်းပေမဲ့ သားက လှေကားတွေကို တတ်လိုက်ဆင်းလိုက်လုပ်ရတာသဘောကျတာမို့ ဒယ်ဒီက ခင်းပေးထားတာဖြစ်သည်။ သားအတွက်လို့မပြောပေမဲ့ သားအတွက်မှန်း သူတို့သိပါသည်။ ဒယ်ဒီကသားဝတုတ်ကို ဘယ်လောက်သဘောကျလဲ Chanyeol အသိဆုံးပင်။

P A P E R C U T S Where stories live. Discover now