E L E V E N

449 46 0
                                    

Zawgyi
_________

'' ငါနဲ့ Chanyeol နဲ့တွဲနေကြပြီ ''

'' အမ် ရုတ်တရက်ကြီး ''

Jongin က ဖုန်းကထဲကနေ အလန့်တကြားပြောလာတာမို့ Baekhyun ပြုံးလိုက်မိသည်။ တကယ်လည်း ရုတ်တရက်ကြီးတွဲခဲ့ကြတာ အခုဆို တစ်ပတ်တောင်ပြည့်တော့မယ်၊
Jongin ကစာမေးပွဲတွေရှိနေလို့ မနှောင့်ယှက်ချင်တာနဲ့ မပြောဖြစ်ခဲ့တာ။

'' ဘယ်လိုဖြစ်တာလဲ ငါ့ကို အကုန်ပြောပြစမ်း မင်း ငါစာမေးပွဲလေး၃ပတ်လောက်ဖြေလိုက်တာ ကြားထဲမှာရည်းစားရသွားပြီပေါ့ သစ္စာဖောက်ကောင် ''

'' ဟားဟား အဲ့လိုမဟုတ်ပါဘူး ''

မနက်ကနေ နေ့လည်ထိ ၃နာရီလောက် ဖုန်းပြောအပြီးမှာတော့ Jongin ရော သူရော မောနေကြပြီမလို့ ဖုန်းချဖို့ပြင်ရတော့သည်၊ ဒါတောင် နောက်နေ့ဆက်ပြောပြဦးဆိုလို့ ရက်ချိန်းပေးခဲ့ရသည်။

📩'' ညနေအားလား Baekhyunah''

အောက်ထပ်ဆင်းဖို့ပြင်နေတုန်း message တစ်စောင်ရောက်လာတာမို့ ဖွင့်ကြည့်လိုက်တော့ ဟာအင်းဆီက၊
ထူးထူးခြားခြား အပြင်မှာတွေ့ဖို့ ချိန်းနေတာမို့ အနည်းငယ်အံ့သြ သွားရပေမဲ့ မကောင်းတတ်တာမို့ လာခဲ့မယ်ဟု စာပြန်လိုက်သည်။ 

Chanyeol က ဒီနေ့လုပ်စရာရှိလို့ မတွေ့ဖြစ်ဘူး ပြောထားတာမို့ လာတော့မလာလောက်တော့ဘူးထင်သည်။ Chanyeol က ဟာအင်းကို သဘောမကျဘူးလို့ ပြောဖူးတာမို့ သူတို့ကို ထိပ်တိုက်မတွေ့စေချင်ပါ၊ တွေ့ဖြစ်ရင်လည်း ကောင်းတာမျိုးပဲ ဖြစ်စေချင်ပါသည်။ ကိုယ့်ရည်းစား ကို ရန်မများစေချင်တာကတော့ Baekhyun ရဲ့ အတ္တသေးသေးလေးတစ်ခုပင်၊၊

_____________________________________

ဟာအင်းချိန်းထားတဲ့ကော်ဖီဆိုင်လေးကိုသွားလိုက်တော့ ဟာအင်းကအရင်ရောက်နှင့်နေသည်၊
ထိုင်နေရင်းနဲ့လက်လှမ်းပြတာမို့ လျှောက်သွားလိုက်တော့ ဟာအင်းကမတ်တပ်ထကာ Baekhyun ထိုင်ဖို့ခုံကို ဆွဲထုတ်ပေးလာသည်။

Baekhyun အနေရခက်သလို ပြုံးပြလိုက်ပြီးမှ

'' အဲ့လိုတွေမလုပ်ပေးလည်း ရရဲ့သားနဲ့ ဟာအင်း ''

P A P E R C U T S Where stories live. Discover now