'' Byun Baekhyun ဆိုတာ ရှင်လား ''
Bus ကားမှတ်တိုင်မှာစောင့်နေတဲ့ Baekhyun ရှေ့လာမေးနေတဲ့ ကောင်မလေး။ Baekhyun မော့ကြည့်လိုက်တော့ မောင်ပြောထားတဲ့ ကောင်မလေး။
Jongin က သူစီးရမယ့်ကားပေါ်အရင်တတ်သွားပြီဖြစ်ပြီး
မောင်ကတော့ ဒီနေ့ နယ်ကရုံးခွဲကို စစ်ဆေးသွားတာကြောင့်
Baekhyun ကိုလိုက်မပို့ဖြစ်။'' ဘာပြောစရာရှိလို့လဲ ''
'' ကျွန်မကိုသိတယ်မလား ''
'' စိတ်မဝင်စားဘူး ''
ထိုကောင်မလေးက မာနထိခိုက်သွားဟန်နဲ့ ခြေထောက်ကို ဆောင့်သည်။
'' ကျွန်မနဲ့ ခနစကားပြောရအောင် ''
'' ပြောစရာမရှိဘူး ''
'' ရှင်! ''
'' ကိုကို့ ဘေးကထွက်သွားပေးပါ ''
Baekhyun မော့ကြည့်လိုက်တော့ ထိုကောင်မလေးက မထိ တထိဟန်နဲ့ပြုံးသည်။
'' ကျွန်မက ကိုကို့ကို ငယ်ငယ်ကထဲကသိပြီး ချစ်လာရတာ
ရှင်က ကိုကို့ဘေးရောက်တာ ဘယ်နှစ်နှစ် ရှိပြီမို့လို့လဲ '''' ငါက မောင့်ဘေးရောက်ခဲ့တာ မဟုတ်ဘူး
မောင့်နှလုံးသားထဲရောက်ခဲ့တာ ဒီလောက်ဆိုရပြီလား ''Bus ကားက အချိန်ကိုက်ရောက်လာတာမို့ ထိုကောင်မလေးကို ထားခဲ့ကာ တတ်လာခဲ့သည်။ အနောက်ကနေ စူးစူးဝါးဝါးအော်သံကိုကြားလိုက်ရတော့ မှတ်တိုင်ကလူတွေက ထိုကောင်မလေးကို ဝိုင်းကြည့်နေကြသည်။
ခုံနေရာလွတ်တစ်ခုမှာဝင်ထိုင်ရင်း နားကြပ်တပ်လိုက်သည်။ message လာလို့ ကြည့်လိုက်တော့ မောင့်ဆီက။
- Baby, ကားပေါ်ရောက်ပြီလား -
- ring ring
တဆက်ထဲခေါ်လာတဲ့ဖုန်းကြောင့် Baekhyun ပြုံးလိုက်မိသည်။
'' Hello ''
'' Baby , မောင်မေးတာပြန်မဖြေလို့ အခုဘယ်မှာလဲ ''
'' အဟင်း မောင်က ငါ့ကိုစာရိုက်ချိန်လေးတောင်မှမပေးတာ ''
'' အဲ့လိုလား မောင်နည်းနည်းလောသွားတယ်ထင်တယ် ''
တစ်ဖက်က မောင့်ရယ်သံကိုကြားနေရသည်မှာ နားဝင်ချိုလွန်းလှသည်။