T E N

458 47 0
                                    

Zawgyi

__________

'' သားရေ အိမ်ရှေ့မှာ သားသူငယ်ချင်းတဲ့ ရောက်နေတယ် ''

အောက်ထပ်က မေမေ့အော်သံကြောင့် Baekhyun ဖြီးလက်စခေါင်းကိုအလျင်အမြန်ဖြီးရင်း ဦးနှောက်ကိုလည်း အလုပ်ပေးရသည်၊ သူငယ်ချင်း ဆိုတော့ ဘယ်သူလဲ လာစရာသူငယ်ချင်းလည်းမရှိပါဘူး၊ ဟာအင်းဆိုရင်လည်း သူ့ကိုမပြောပဲ လာမှာမဟုတ်။

မဟုတ်မှ...?

'' အဟားဟား အန်တီကတော့ နောက်ပြီ အန်တီကအများကြီးပိုနုပါတယ်ဗျာ ''

အောက်ထပ်သို့ ရောက်ခါနီး ကြားလိုက်ရသော အသံတို့ကြောင့် Baekhyun အတွေးတို့ မှန်ကန်မှန်သေချာသွားရသည်။

လှမ်းမြင်နေရသော နောက်ကျောပြင်ကျယ်၊ ဖေဖေမေမေတို့နဲ့ ဘာတွေပွဲကျနေလည်းမသိ တဟားဟားရယ်သံတို့က ခနခန။

'' အော် သားလာပြီ လာ ထိုင် ဒီမှာ Chanyeol လေးက သားကိုကျောင်းလိုက်ပို့ပေးချင်လို့တဲ့ ခွင့်တောင်းနေတာ အတော်ပဲ ဖြစ်သွားတယ် ဒီနေ့မေမေတို့က မင်္ဂလာဆောင်သွားစရာရှိလို့လေ သားဖေဖေကိုတောင်ခွင့်ယူခိုင်းထားတာ သားကိုဘယ်လိုလိုက်ပို့ပေးရမလဲ စဉ်းစားနေတုန်း Chanyeol လေးရောက်လာတာပဲ ''

မေမေက ပြောပြောဆိုဆိုနဲ့ မီးဖိုချောင်ထဲကနေ Baekhyun အတွက်အဆာပြေမုန့်ဘူးတို့ကိုယူရင်းလွယ်အိတ်ထဲ ထည့်ပေးနေသည်၊

'' အများကြီး ထည့်ပေးလိုက်တာမို့ Chanyeol လေးနဲ့မျှစားနော် ''

မေမေကတော့ Chanyeol လေး ဆိုတာကို ပါးစပ်ဖျားက မချ၊ ဟိုတစ်ယောက်ကလည်း မျက်နှာကြီးကို ဖြီးနေတာ ပါးစပ်ကိုမစိတော့။ အမြင်ကပ်ကပ်နဲ့ မျက်စောင်းထိုးလိုက်တော့ Baekhyun ကို ကြည့်ပြီး 'မွ' ဆိုပြီး လုပ်ပြသည်၊

ဒီလူတော့!

အလန့်တကြား ဖေဖေနဲ့မေမေကိုလှည့်ကြည့်တော့ သူတို့အာရုံနဲ့ သူတို့ဖြစ်နေလို့တော်သေးသည်။

'' ကဲ သွားကြတော့လေ ကလေးတွေ နောက်ကျနေမယ် ''

'' ဟုတ်ကဲ့ အန်တီ ဒါဆိုသွားလိုက်ပါဦးမယ်ဗျ ''

'' ဖေ​ဖေနဲ့​မေ​မေ တာ့တာ ''

နှစ်ယောက်လုံး နှုတ်ဆက်ခဲ့ပြီး အိမ်ရှေ့ရောက်တော့ မြင်လိုက်ရတာ မ​နေ့ကဆိုင်ကယ်နဲ့မတူတဲ့ ဆိုင်ကယ်တစ်စီး၊ Baekhyun ကဆိုင်ကယ်တွေအကြောင်း သိပ်နားမလည်တာမို့ ဘာအမျိုးအစားလဲ မပြောတတ်ပေမဲ့ ကြည့်လိုက်တာနဲ့ ဈေးကြီးမှန်းသိသာတဲ့ဆိုင်ကယ်ကြီး အမြင့်ကြီးပဲ။

P A P E R C U T S Where stories live. Discover now