E I G H T

478 55 2
                                    

Zawgyi
_______

''လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာ လိုင်းမအားသေးပါသဖြင့် ခေတ္တစောင့်ဆိုင်းပြီးမှ ပြန်လည်ခေါ်ဆိုပါရှင် ''

၁၀ခါလောက်ခေါ်ပြီးချိန်မှာ Chanyeol လက်လျှော့လိုက်သည်၊
၉နာရီနောက်ပိုင်း အားပါတယ်ဆိုတဲ့​ကောင်​ငယ်လေးက ဖုန်းမအားရအောင် ဘယ်သူတွေနဲ့ပြောနေသလဲလေ၊
ကိုယ့်မှာ ဝင်စွက်ဖက်ခွင့်မရှိပေမဲ့ သိချင်မိသား။

လက်ထဲကဖုန်းကိုဘေးနားကစားပွဲပေါ်ပစ်တင်လိုက်ပြီး အိပ်ရာပေါ်သို့လှဲချလိုက်သည်၊ အကြည့်တို့ကလက်ဆီရောက်တော့ လက်ဆစ်ထိပ်တွေကပွန်းပဲ့လျက်။

ညနေကဖြစ်ခဲ့တဲ့ ရန်ပွဲရဲ့အကျိုးဆက်တွေ၊ Baekhyun ဆီက
ပြန်လာပြီး ကြည်လင်နေတဲ့စိတ်တွေက ကိုယ့်အိမ်ပြန်လမ်းမှာ စောင့်နေတဲ့ ထယ်ဝူတို့ အုပ်စုနဲ့တွေ့တော့ နောက်ကျိသွားရသည်၊

အရင်အပတ် ဆိုင်ကယ်မောင်းပြိုင်တာ Chanyeol တို့ အဖွဲ့ကနိုင်သွားသည်၊ အဲ့တုန်းကပြသာနာမရှာလို့ ဒီကောင်တွေ အသိတရားရနေပြီအောက်မေ့လိုက်ပါတယ်၊ ဒင်းတို့က သူတစ်ယောကိထဲရှိမယ့်အချိန်ကိုစောင့်နေတာ!

၅​ယောက်တစ်ယောက်မို့ ကိုယ့်ဘက်ကနည်းနည်းအထိနာပေမဲ့ အဲ့ကောင်တွေလည်းခံလိုက်ရတာမနည်း၊ တစ်​ကောင်ဆို သွားပါပါကျွတ်သွားတာ ပြန်​တောင်မထနိုင်ရှာ​တော့၊
Park Chanyeol ကို တစ်ယောက်ထဲဆိုအားနည်းသွားမယ်လို့ထင်ကြတာ ရယ်စရာကောင်းသည်။

_ ဒီး ဒီး

အတွေးထဲကြားထဲ အိပ်ပျော်လုဆဲဆဲ နားထဲတိုးဝင်လာတဲ့ ဖုန်း vibrate အသံ၊
Baekhyunပြန်​ခေါ်တာများလား ?
လက်တို့က မှောက်ထားသော ဖုန်းဆီရောက်သွားမှ အနည်းငယ်တွန့်သွားရသည်၊ တကယ်လို့မဟုတ်ခဲ့ရင်ရော ၊ သူခံစားနိုင်မည်မထင်ပါ

- ဒီး ဒီး

ထပ်မြည်လာသောဖုန်းသံကြောင့် Contact ကိုကြည့်လိုက်မိသည်၊

- ကမ္ဘာငယ်လေး❤-

တဲ့!

"Yes! ''

အိပ်ရာပေါ်တစ်ချက်ထခုန်လိုက်ပြီးမှ ဖုန်းကိုအမြန်ကိုင်လိုက်ရသည်၊ အသဲလေးစိတ်ကောက်သွားမှ ခက်ချေမည်။

P A P E R C U T S Where stories live. Discover now