EXTRA 1 [ Unicode ]

457 36 0
                                    

'' မောင်ရေ ဒီမှာ သားငိုနေပြီ တချက်လာကြည့်ပေးပါဦး
ူငါအိမ်သာထဲမှာမလို့ ''

'' လာပြီ Baby ခနလေး ''

မောင်ကရောက်လာပြီး အိမ်သာရှေ့မှာ ငုတ်တုတ်လေးထိုင်နေတဲ့ သားကို စွေ့ခနဲ မသွားသည်။ ပွင့်နေသောအိမ်သာတံခါးကိုပါ တခါထဲပိတ်ပေးသွားသည်။ ပါးပါး အိမ်သာတတ်မလို့ ခနလေးဒီမှာထိုင်နေဆိုပြီး ထားခဲ့တာ အိမ်သာထဲထိလိုက်လာသည်။ တံခါးပိတ်ရင်လည်း ငိုတာမှစူးလို့။ အဲ့ဒါနဲ့ အိမ်သာရှေ့မှာ ထိုင်ကြည့်ခိုင်းလိုက်တော့သည်။ အစက ပြုံးပြုံးလေး ထိုင်ကြည့်နေရင်း Baekhyun ကိုချီခိုင်းသည်။ အတော်ကြာပြီး Baekhyun ထမလာမှန်းသိတော့မှ မျက်နှာကြီးကမဲ့လာကာ ငိုတော့သည်။

'' အိုက်ဂူး ဒယ်ဒီ့သားလေးက ဘာတွေအလိုမကျနေတာတုန်း ''

'' အူးဝါး ပါပါ ပါပါ ''

သားကတစ်နှစ်ကျော်ရှိနေပြီမို့ ပါပါနဲ့ ဒါဒါတော့ မပီတပီပြောတတ်သည်။ ကျန်တာတွေကတော့ အခုထိ ဝူးဝူးဝါးဝါး ။

'' ပါးပါးလား ပါးပါးက အခုအိမ်သာထဲမှာလေ မသွားပါနဲ့ သားရယ် နံနံ နံနံ ''

'' ခစ်ခစ် ''

Chanyeol သားရဲ့ ဗိုက်ပူကြီးကို လက်လေးနဲ့ထိုးလိုက်တော့ ရယ်နေတာများ သဘောတကျ။ သားက သူနဲ့ Baby မင်္ဂလာသက်တမ်း တစ်နှစ်ခွဲ အကြာမှ ရလာတဲ့ လက်ဆောင်လေး။ မင်္ဂလာသက်တမ်း ၆လပြည့်တိုင်း မိဘမဲ့ဂေဟာမှာ အလှူသွားလုပ်ရင်း တွေ့ခဲ့တဲ့ သားလေး။

Baby ကိုလက်ထပ်ခွင့်တောင်းပြီး တစ်နှစ်ပြည့်တဲ့နေ့မှာပဲ လက်ထပ်ခဲ့ကြတာမို့ သူတို့ မင်္ဂလာဆောင်နှစ်ပတ်လည်နဲ့ Baby မွေးနေ့က အတူတူ။ သားကလည်း အဲ့နေ့မနက်မှာပဲ ဘယ်ကရောက်လာမှန်း မသိတဲ့ ကလေးအမေက ဂေဟာမှာ ကလေးလာမွေးတာ တိုက်တိုက်ဆိုင်ဆိုင် ။ ကံမကောင်းစွာနဲ့ပဲ သားအမေက မီးတွင်းထဲမှာပဲ ဆုံးပါးသွားခဲ့သည်။ ဖခင်ကလည်း ဆုံးပါးသွားပြီလို့ ကလေးအမေကပြောခဲ့တာမလို့ သားကို မွေးဖို့ သူတို့ဆုံးဖြတ်ခဲ့ကြသည်။ သားက တိုက်ဆိုင်ခြင်းများစွာနဲ့ သူတို့ဘဝထဲဝင်လာခဲ့သည်။

'' မောင် ဘာတွေ တွေးနေတာလဲ ဟိုမှာ မောင့်သားကို ကြည့်ဦး ''

Baby အသံကြားတော့မှ Chanyeol အသိဝင်လာတော့သည်။ သားက ဘယ်ကထဲက သူ့လက်ကလွတ်ထွက်သွားတယ်မသိ၊ ကြည့်လိုက်တော့ လေးဘက်ထောက်သွားကာ အိမ်ပေါက်တောင်ရောက်နေပြီ။

P A P E R C U T S Where stories live. Discover now