T H I R T E E N

425 54 0
                                    

Zawgyi
________

- စာမေးပွဲပြီးတာနဲ့ အိမ်ပြန်လာ -

ရည်းစားလေးကိုစောင့်နေတုန်း ဝင်လာတဲ့ message တစ်စောင်။ နာမည်မပါ ဘာမပါနဲ့ပို့လိုက်ပေမဲ့ မေးစရာမလို​အောင် ဘယ်သူပို့လဲသိပြီးသား။

သက်ပြင်းချလိုက်ပြီးတော့သာ ဖုန်းကိုဘောင်းဘီအိတ်ကပ်ထဲထိုးထည့်ထားလိုက်သည်။

'' မောင် ''

Pajama ဝမ်းဆက်အပြာလေးနဲ့ လုံးတုံးလုံးတုံး သူ့ဆီပြေးလာတဲ့ကောင်လေး၊ မောင်လို့ခေါ်ဖို့လည်းမမေ့။ ရင်ခွင်ထဲဝင်လာတဲ့ကောင်လေးကို သ်ပ်သိပ်သည်းသည်းဖက်ပစ်လိုက်သည်၊ ဘယ်လောက်လွမ်းနေခဲ့ရလဲ။

'' ဘာလို့ အိမ်ထဲဝင်မလာတာလဲ မေမေကတောင်ခုနကမေးနေသေးတယ် ''

'' ဟားဟား ယောက္ခမကြီးကတော့ သူတို့သမက်လေးကို အခုကထဲက သိပ်ချစ်နေပြီထင်တယ် ''

မောင်က Baekhyun ကိုဖက်ထားရင်းနဲ့ရယ်နေပေမဲ့ မောင့်မျက်လုံးတွေက အသက်မပါသလိုခံစားနေရသည်။

'' မောင် အဆင်ပြေရဲ့လား တစ်ယောက်ထဲနေရစားရတာ ''

သူ့ကိုစိတ်ပူနေတဲ့မျက်လုံးလေးတွေနဲ့မေးလာတဲ့ကောင်လေးရဲ့
နှဖူးပေါ်ဝဲကျနေတဲ့ဆံပင်တွေကို သပ်တင်ပေးလိုက်သည်။

'' အဆင်မပြေဘူးလေ Baby ကိုမှ မမြင်ရတာ ကြာလှပြီ
အခုတော့ အဆင်ပြေသွားပြီ ''

'' အဆင်မပြေရင်ပြောနော် စာမေးပွဲကနီးလှပြီ ''

'' ကိုယ်ကအကုန်အဆင်ပြေတယ် Baby သာသေချာဂရုစိုက် စာမေးပွဲတွင်းအသွားအပြန် မောင်ကြိုပို့မယ်လို့ အိမ်ကိုပြောထားနော် ''

Chanyeol ယူလာတဲ့အိတ်ထဲက ချိစ်ကိတ်သေးသေးလေးကိုထုတ်စားနေရင်း Baekhyun ခေါင်းငြိမ့်ပြလိုက်သည်။

''စားစား Baby ကြိုက်တာတွေပဲဝယ်လာတာ စားချင်ရင်အချိန်မရွေးလှမ်းပြောနော် မောင့်ကို အားမနာနဲ့ ပြီးတော့ ''

Chanyeol ကပြောလက်စ,စကားကို ရပ်သွားတာမို့ Baekhyun က စားလက်စတန်းလန်းလေးမော့ကြည့်သည်။
Baekhyun ရဲ့ ချိစ်ပေနေတဲ့နှုတ်ခမ်းသေးသေးလေးကို လက်မနဲ့ပွတ်ဆွဲရင်း ဖိကပ်နမ်းပစ်လိုက်တော့ မျက်လုံးလေးကအပြူးသားဖြစ်သွားရှာသည်။

P A P E R C U T S Donde viven las historias. Descúbrelo ahora