Twenty Two [ Unicode ]

408 47 6
                                    

'' ရပါပြီ ခြေထောက်ကို တစ်ပတ်လောက်ရေမထိပါစေနဲ့
သောက်ဆေးတွေ စာရင်းပေးလိုက်ပါ့မယ် ညဘက် အနာရှိန်ကြောင့် အဖျားတတ်လာနိုင်တာတွေရှိလို့ တချက်ဂရုစိုက်ပေးပါ''

'' ဟုတ်ကဲ့ပါ အမာရွတ် ဘာညာကျန်နိုင်လားဆရာ
ကလေးအသားက အတော်နုလို့ပါ ''

ကြီးကောင်ကြီးမား အသက်၂၀ကျော်အရွယ်ကြီးကို ကလေးလို့သုံးလိုက်တဲ့မောင့်ကိုကြည့်ရင်း Baekhyun ရယ်လိုက်မိသည်။ ဆရာဝန်ကလည်းပြုံးစိစိ။ မောင်ကတော့ ပတ်တီးစီးထားတဲ့ Baekhyun ခြေထောက်လေးကိုပဲ စိတ်ပူစွာနဲ့ ကြည့်နေသည်။ စိတ်ပူနေတဲ့ မောင့်ရဲ့မျက်နှာကိုမြင်တော့လည်း မရယ်နိုင်တော့။ သူ့ထက် မောင်ကပိုပြီး နာကျင်နေတဲ့ပုံ။

'' အမာရွတ်ပျောက်ဆေးကို ကျွန်တော်ရေးပေးလိုက်ပါမယ်
ဒီဆေးခန်းမှာတော့ မရပေမဲ့ အပြင်ဆိုင်တွေမှာရှိတယ်
များသောအားဖြင့် အရေခွံလဲတာမျိုးများတော့ အမာရွတ်ကျန်တာမကျန်တာက အနာပေါ်မူတည်ပါတယ် တကယ်လို့ကျန်ခဲ့ရင် ကျွန်တော်ရေးပေးလိုက်တဲ့ ဆေးကိုလိမ်းလိုက်ပါ ''

'' ဟုတ်ကဲ့ပါဆရာ ကျေးဇူးပါ ''

'' ဟုတ်ကဲ့ ''

မောင်ကသူ့ကိုချီပြီးထွက်လာတော့ ဆေးခန်းထဲက လူနာတွေနဲ့ သူနာပြုလေးတွေက ပြုံးနေကြသည်။ ဘာတွေသဘောကျနေကြမသိ။ သူနာပြုလေးထုတ်ပေးလိုက်တဲ့ ဆေးကိုယူပြီး ကားဆီသို့ထွက်လာခဲ့ကြသည်။ Baekhyun ကိုကားထဲထည့်ပြီးတာနဲ့ မောင်ကတံခါးပိတ်လိုက်ကာ ကားမောင်းသူနေရာကိုဝင်ထိုင်လိုက်သည်။

ညမှောင်နေပြီမို့ ကားလမ်းတွေရှင်းလင်းနေသည်ကြောင့် အိမ်ကိုခနလေးနဲ့ ပြန်ရောက်၏ ။ လမ်းမှာဝင်ဝယ်ခဲ့တဲ့ ဖက်ထုပ်ပြုတ်ဘူးကို ကိုင်ရင်း ကားပေါ်ကဆင်းမယ်လုပ်တော့ မောင်ကအပြေးအလွှားတားကာ Baekhyun ဘက်ခြမ်းကိုလျှောက်လာသည်။

'' မောင်ချီမယ်လေ Baby ရဲ့ ''

'' ဟို မောင် မေမေတို့ရှိတယ်လေ ''

မောင်က သူ့လက်ထဲက Baekhyun ကိုယ်လေးကို နေရာတကျ ဖြစ်အောင် ပင့်တင်လိုက်ပြီး ပြုံးသည်။

'' ယောက္ခမကြီးက နားလည်ပေးမှာပါ Baby ရဲ့ ''

သူကတော့မောင့်ကိုပြောမနိုင်။ ထင်သည့်အတိုင်း အိမ်ထဲရောက်တော့ မေမေက အံ့သြတကြီးနဲ့ ပြေးထွက်လာသည်။

P A P E R C U T S Where stories live. Discover now