S I X T E E N

432 57 3
                                    

Zawgyi

၇နှစ်ခန့်ကြာသော်....

''သားငယ် ထမင်းဘူးလေး ယူသွားဦးရော့ ''

'' ဟုတ် မေမေ ''

အလုပ်သွားတော့မယ့် သူ့လက်ထဲကို မေမေက ထမင်းဘူးလေး လာထည့်ပေး​နေသည်၊၊ မေမေသူ့မျက်နှာကို အရိပ်တကြည့်ကြည့် ဖြစ်နေမှန်းသိ​ပေမဲ့ အရင်လိုရယ်ရယ်မောမောဖြစ်ချင်စိတ်မရှိတော့။

မေမေသာဒေါ်လေးတို့ဆီမလွှတ်ခဲ့ရင် မောင်နဲ့ ခနလောက်ဖြစ်ဖြစ် တွေချင်တွေ့လိုက်ရဦးမှာ ဆိုတဲ့စိတ်က အမြဲနှိပ်စက်နေသည်။

၇နှစ်။
၇နှစ် ကြာပြီမောင်၊
မင်းငါ့ဘဝထဲက ထွက်သွားတာ။ နှုတ်ဆက်မသွားတာလည်း စိတ်နာတယ် ၊ ငါ့ဆီမင်းလာနိုင်ရဲ့သားနဲ့ တမင်မလာခဲ့တာလားလို့လည်း တွေးမိတယ်။

တက္ကသိုလ်ဝင် စာမေးပွဲမှာ အမှတ်ကောင်းကောင်းနဲ့ အောင်မြင်ခဲ့တာကြောင့် Seoul University ကိုဝင်ခွင့်ရခဲ့သည်။
ဖေဖေရော မေမေရော သူ့အတွက်ဂုဏ်ယူမဆုံးခဲ့ကြ၊ ရှိသမျှအမျိုးအဆွေတွေထဲ စံပြအကိုကြီး ဂုဏ်ပုဒ်ကို ထိန်းသိမ်းနိုင်ခဲ့သည်။

တစ်ခုပဲ၊ ဘေးနားမှာ ပျော်ရွှင်မှုတွေ မျှဝေချင်တဲ့ မောင်မရှိတော့
တာ။ မောင်သာသိရင် မောင့်Baby လေးကတော်လိုက်တာလို့ပဲ ပြောမလား၊ တက္ကသိုလ်တတ်ရ​တော့မဲ့ငါ့ကို စိတ်မချဘူးလို့ပဲ တဖွဖွ မှာနေခဲ့မှာလား။

Bus ကားပေါ်ရောက်တာနဲ့ တစ်ယောက်ခုံလေးမှာဝင်ထိုင်လိုက်သည်။ မောင်အရင်ကသုံးခဲ့တဲ့ ဖုန်းလေးကို စာမပြန်မှန်းသိပေမဲ့ ၇နှစ်အတွင်း သတိရတိုင်းပို့ဖြစ်ခဲ့သည်။

💌 အခု Bus ပေါ်မှာ မောင်၊ ငါအလုပ်သွားတော့မယ်
မောင်လည်းပျော်ရွှင်စရာနေ့လေးဖြစ်ပါစေ 💌

company ရှေ့ရောက်တာနဲ့ ဆင်းလိုက်တော့ Jongin က ကားဂိတ်မှာ သူနဲ့ တူတူသွားဖို့စောင့်နေသည်။ ကျောင်းပြီးတော့ သူငယ်ချင်းနှစ်ယောက်တိုင်ပင်ကာ company တစ်ခုထဲမှာအလုပ်ဝင်ခဲ့ခြင်း။ နှစ်ယောက်လုံးက Seoul University က
ပြီးတာမို့ အရမ်းမခက်ပဲ အလုပ်ရခဲ့သည်။

'' ရောက်နေတာ ကြာပြီလား ''

''ဟင့်အင်း ငါလည်းခုလေးတင်ရောက်တာပဲ ''

P A P E R C U T S Where stories live. Discover now