N I N E T E E N

500 51 0
                                    

Zawgyi
________

ဆိပ်ကမ်းကပြသာနာရှင်းပြီးတာနဲ့ ပစ္စည်းတွေကို ဂိုဒေါင်ဘက်သယ်ခိုင်းလိုက်ကာ သူကတော့ ကားဆီပြန်လာခဲ့လိုက်သည်။ လက်ဖဝါးကနေ တတောက်တောက် ကျနေတဲ့သွေးတွေကို ကားပေါ်က ပက်တီးလိပ်ကိုယူကာ အနည်းငယ်ပတ်ထားလိုက်သည်။

ဒဏ်ရာကအမြဲရနေကျမလို့ ဆေးသေတ္တာကတော့ ကားပေါ် အမြဲဆောင်ထားရသည်။ ဖုန်းကိုကားပေါ်ထားခဲ့တာမို့ မပြန်ခင် တချက်စစ်ကြည့်လိုက်တော့ missed call တွေက ရဲရဲတောက်။

သူမှတ်ထားပေမဲ့ အဝင်အထွက်မရှိခဲ့တဲ့ Baby ဆိုတဲ့ဖုန်းနံပါတ်လေးက အခါ၃၀ခေါ်ထားသည်။ နောက် Jongdae ကလည်း ငါးခါ။

Baby တစ်ခုခူဖြစ်နေလို့များလား။ ပူတတ်သွားတဲ့ရင်နဲ့အတူ ထို ဖုန်းနံပါတ်လေးကို ပြန်ခေါ်လိုက်သည်။

- တူ တူ

'' Hello ''

'' Hello Baby လား တစ်ခုခုဖြစ်လို့လားဟင် မောင်ခုနက နည်းနည်း မအား - ''

'' ဟင့် မောင် ငါ ငါ အင့် မောင့် ''

Chanyeol စကားတောင်ဆုံးအောင်မပြောလိုက်ရသေး၊ Baby ကငိုချလာတာမို့ စိုးရိမ်စိတ်တွေက ထိုးတတ်လာသည်။

'' Baby ဘာဖြစ်တာလဲ မောင်အခုလာခဲ့မယ်နော် အိမ်မှာလား ''

'' အင်း အင့် ''

ဖုန်းကို dashboard ပေါ်ပစ်တင်လိုက်ကာ ကားကိုတရှိန်ထိုး မောင်းနှင်ခဲ့သည်။ မောင်လာနေပြီမို့ ဘာပဲဖြစ်ဖြစ် မောင်ဖြေရှင်းပေးပါ့မယ်၊

Baby တို့ အိမ်နားရောက်တာနဲ့အိမ်ဝကိုလှမ်းကြည့်လိုက်တော့ အရိပ်သေးသေးလေးတစ်ခုက အိမ်ရှေ့မှာစောင့်နေသည်။ Baby များလားဆိုပြီးကြည့်နေတုန်း ထိုအရိပ်ကလေးက သူ့ဆီပြေးလာနေတာမို့ ကားကိုအမြန်ရပ်လိုက်ရကာ လူပါဆင်းလိုက်သည်။

'' Baby ''

'' မောင် အင့် ''

သူ့ပေါ်ခုန်တတ်လာတဲ့ ကိုယ်လေးကို လှမ်းဖမ်းပြီး ပွေ့ဖက်လိုက်တော့ ခေါင်းကလေးက သူ့လည်ပင်းနာခိုဝင်သည်။ တိမ်စိုင်လေးတွေကနေ တစ်ဆင့် ကိုယ်ကို ပင့်တင်ပေးလိုက်ပြီး မျက်နှာနုနုကိုကြည့်ဖို့ကြိုးစားရသည်။

P A P E R C U T S Where stories live. Discover now