Twenty Five [ Unicode ]

406 43 1
                                    

'' Baekhyun ဥက္ကဌကို စောင့်ဦးမှာလား ''

'' ဟီး အင်း ''

'' အေးပေါ့လေ ရည်းစားရှိတော့လည်း အမြဲပြန်နေကျ သူငယ်ချင်းလေးကို ပလစ်ပြီပေါ့ နားလည်ပါတယ် ''

နှုတ်ခမ်းတဆူဆူနဲ့ ရန်တွေ့နေတဲ့ ဂျုံအင်းကို ကြည့်ရင်း Baekhyun ရယ်လိုက်သည်။ ဆူနေတဲ့နှုတ်သီးကို ဆွဲစိတ်လိုက်တော့ မကြည်ကြည့် ကြည့်သွားပြီး လွယ်အိတ်ကိုဆွဲကာ ထွက်သွားသည်။ နောက်မှပြန်ချော့ရတော့မယ် ဒီကောင်။

'' Baby! ''

'' ဟင် မောင် ''

မောင်ကရုတ်တရက်ကြီးအနားရောက်လာကာ ခေါ်လာသည်။ Baekhyun က အခု ကုမ္ပဏီရှေ့က ခုံတန်းလေးမှာထိုင်ပြီးမောင့်ကိုစောင့်နေတာဖြစ်သည်။ မောင့်မျက်နှာက ခပ်တည်တည်ကြီးဖြစ်နေတာမို့ Baekhyun ထူးဆန်းသွားသည်။

'' မောင်ဘာဖြစ် ''

'' ဘာမှမဖြစ်ပါဘူး သွားမယ်လာ ''

'' အယ် စောင့်ဦးလေ မောင် ''

မောင့်ရဲ့ ခြေလှမ်းကျယ်ကြီးတွေကို Baekhyun ခြေလှမ်းသေးသေးလေးတွေနဲ့ အမှီလိုက်ရပြန်သည်။ ကားဆီရောက်တော့လည်း ကားတံခါးကိုဆွဲဖွင့်ပေးကာ ထွက်သွားပြန်သည်။ ဒီမောင်တစ်ယောက်တော့ ဘာတွေအလိုမကျဖြစ်နေတယ်ရယ်မသိ။

'' နေဦး မမောင်းနဲ့ဦး ဘာဖြစ်နေတာလဲ အရင်ပြော ''

Baekhyun စကားကိုကြားတော့ မောင်က စတီယာတိုင်ပေါ်တင်ထားတဲ့လက်တွေကိုအောက်ချပြီး မျက်နှာက ဟိုဘက်လှည့်သွားပြန်သည်။

'' ကျစ် မောင့် ငါမေးနေတယ်လေ ''

ဘာမှပြန်မပြောပဲ အခုထိ တိတ်နေတာမို့ Baekhyun စိတ်မရှည်တော့။ ကြည့်နေတာ အကောင်းမှတ်နေတယ်ပေါ့။ သူ့အကြောင်းသိတော့မယ် မောင်တော့။

'' မောင် ''

ရုတ်တရက်ပေါင်ပေါ်တတ်လာတဲ့ ထွေးထွေးအိအိလေးကြောင့် Chanyeol အသက်ရှုအောင့်လိုက်မိသည်။ Baby က သူ့လက်ကလေးတွေနဲ့ Chanyeol လည်ပင်းကိုပွတ်သပ်လာသည်၊

'' အာ့ ''

သွားစွယ်လေးတွေက Chanyeol လည်တိုင်ကို ကိုက်ပစ်လိုက်တာမို့ အသံထွက်ပြီး ညည်းမိသွားသည်။

P A P E R C U T S Where stories live. Discover now