အပိုင်း(၄)

1.7K 91 0
                                    

"ဟိုနှစ်ကောင်ဘာတွေရယ်နေတာလဲ လာ.. လာ ငါ့ကိုလဲပြောပြစမ်းပါ ငါလဲရယ်ချင်လို့"

ဆရာမရဲ့စကားသံကြောင့် ‌သူတို့တန်းနှင့်ယှဉ်လျက်တန်းမှကောင်လေးနှစ်ယောက်မှင်သေသေလေးဖြစ်သွားကြသည်။

"ပြောလေ.. ဘာတွေရယ်နေကြတာလဲ။ လာ.. ဒီကိုလာ"

"မရယ်တော့ပါဘူး ဆရာမ"

"အေး.. နောက်တခါဆိုအတန်းရှေ့ထွက်ပြီးလက်မြှောက်ဘဲနော်"

"ဟုတ်ကဲ့ပါဗျ"

"ကူး..ကူး ဒီအပုဒ်ကိုကူးကြ၊ ပြီးရင်စာမျက်နှာ၃၀က နံပါတ်လေးကိုအိမ်စာတွက်ခဲ့။ ဒီအပုဒ်နဲ့တူတူဘဲ.. ဂဏန်းဘဲကွာဝာာ"

"ဟုတ်ကဲ့ပါဆရာမ"

စာကူးရေးတဲ့လူကကူးနေကြသလို လေပြေကတော့အိပ်နေခဲ့လျက်။ ရှေ့ပိတ်၊နောက်ပိတ်တန်းမို့ ဆရာမကသေချာမမြင်ရ၊ လေပြေကဲ့သို့အိပ်နေကြသူများရှိသော်လည်း သူတို့အတန်းထဲတွင်ခိုးအအိပ်ဆုံးလူက လေပြေပင်။

ခုံအောက်ထဲ၀င်အိပ်တတ်သလို စာအုပ်ထောင်ပြီးလဲ‌အိပ်တတ်သည်။ အင်္ဂလိပ်ဆရာမက စာပိုဒ်ဘာသာပြန်ပြချိန်ဆို သူ့ကိုပုံပြင်ပြောပြတယ်မှတ်‌နေသလားမသိ၊ စာအုပ်ကိုအလယ်မှာထားကာ လက်နှစ်ဖက်ထောက်ရင်း အိပ်ပျော်သွားတတ်သေးသည်။

သူတို့အတန်းကနောက်ဆုံးကရေရင်ဒုတိယခန်းမို့ ဆရာမတွေကနှစ်စတစ်လမျှလောက်သာအရေးလုပ်ပေမယ့် နောက်ပိုင်းမှာတော့မနိုင်တာမို့ ရှေ့ခန်းတွေကိုသာပိုအာရုံစိုက်ပြီး သူတို့အတန်းကိုကလွှတ်ထား၏။ သူတို့ကလဲ အဲ့လိုလွှတ်ထားလေ၊ ကြိုက်လေမဟုတ်ပါလား။

"အားလုံးမတ်တပ်ရပ်.. ဆရာမကိုနှုတ်ဆက်"

ဘုန်းခန့်ကလေပြေကိုတွန်းလိုက်မှ ကမန်းကတန်းထကာနှုတ်ဆက်၏။ မုန့်စားဆင်းချိန်ခေါင်းလောင်းလဲထိုးလေပြီ။ လေပြေက မုန့်ဈေးတန်းကိုကြောက်သွားပြီမို့ ဘုန်းခန့်ရယ်၊ အောင်ကျော်ရယ်နှစ်ယောက်သာ မုန့်ဈေးတန်းသွားဖို့ပြင်ရ၏။

"တကယ်မလိုက်ဘူးလား.. အဲ့နေ့ကအစဦးဆုံးရက်မို့ပါကွ။ ခုမင်းလိုက်ကြည့် လူတွေချောင်နေတာဘဲ။ မင်းစိတ်ပါရင် Underground တောင်ကလို့ရတယ်"

မောင့်လေပြေ (Completed)Where stories live. Discover now