အပိုင်း(၁၃)

1.2K 81 1
                                    

စာမေးပွဲနောက်ဆုံးနေ့..။

"လေပြေ. လေပြေ"

ခွန်ပြည့်ရှိရာဆီသို့တည့်တည့်လျှောက်သွားနေရင်းမှ လှမ်းဆွဲလိုက်သောပိုင့်ကြောင့် လေပြေကိုယ်လေးပင် တုန်သွားရ၏။ အောင်ကျော်နှင့်ဘုန်းခန့်ကတော့ သူပါလာမယ်ထင်၍ ဆက်ထွက်သွားကြသည်။

"အော် အကို.. အကိုတို့ကျောင်းမတက်ကြတော့ဘူး မှတ်လား"

ပိုင်၀တ်လာခဲ့သော ကျောင်းစိမ်းမဟုတ်တဲ့ အပြင်အင်္ကျီရှပ်ကွက်လေးကိုမျက်ကွယ်ပြုရင်း လေပြေကယောင်ယမ်းမေးမိ၏။ ပိုင့်ကိုသာစကားပြောနေပေမဲ့ မျက်လုံးတို့က သူတို့ကိုမီးတောက်မတတ်စိုက်ကြည့်နေခဲ့သော ခွန်ပြည့်ဆီသို့သာ..။

"ညီ့ကိုလာကြိုတာ. အကိုတို့ကဒီနှစ်‌ပြီးရင်ကျောင်းလာစရာမလိုတော့ဘူးလေ။ အကိုထင်တာ. ညီ့အိမ်သိထားရင် ကောင်းမလားလို့. အဆက်အသွယ်မပြတ်တော့ဘူးပေါ့"

"အော်..ကျွန်တော့်အိမ်က"

"ပြီးပြီလား လေပြေ. အောင်ကျော်တို့လဲစောင့်နေကြပြီ"

သူတို့နှစ်ယောက်နားအမြန်ရောက်ချလာရင်း လက်လှမ်းဆွဲကာ ခွန်ပြည့်ကခပ်လော‌လောပြောတာမို့ အားနာစိတ်လေး၀င်သွားရ၏။ သို့သော် ခွန်ပြည့်ကလဲ အတင်းဆွဲခေါ်နေပြီမို့..

"နောက်တခေါက်မှပေါ့ အကိုရာ. ကျွန်တော်သူငယ်ချင်းတွေနဲ့ချိန်းထားလို့။ ကံမကုန်ရင် ပြန်ဆုံကြမှာပါ သွားပြီအကို"

ပိုင့်ထံမှတုံ့ပြန်သံမကြားရခင်မှာပင် လေပြေဟာခွန်ပြည့်ဆွဲခေါ်ရာနောက် အပြေးလေးလိုက်ပါခဲ့ရသည်။ ခွန်ပြည့်ရဲ့တောက်ခေါက်သံသဲ့သဲ့ကို ပိုင်မကြားစေရန် လေပြေကကြိတ်ဆုတောင်းလိုက်မိရင်း...။

... 💜 ...

အောင်‌ကျော်နဲ့ဘုန်းခန့်ကတစ်ဘီး. ခွန်ပြည့်နဲ့လေပြေကတစ်ဘီးစီဖြင့် ကန်ဘောင်ဘက်ထွက်လာခဲ့ကြ၏။ ပုံမှန်ဆို ကျောင်း၀တ်စုံနဲ့ကအပြင်သွားလို့မကောင်းနိုင်ပေမဲ့ ဒီနေ့ကတော့ခြွင်းချက်မဟုတ်ပါလား။

ကန်ဘောင်ရဲ့ခုံတန်းတစ်နေရာတွင် စက်ဘီးတွေကို ကိုယ်စီရပ်လိုက်ရင်းမှ

မောင့်လေပြေ (Completed)Where stories live. Discover now