ကောင်းကင်အနှံ့တွင်ဖြန့်ကျက်လျက်ရှိသောကြယ်ဖြူလေးများသည် လင်းလက်ရာမှ တဖြည်းဖြည်းမှိန်ဖျေ့ာလို့လာလေပြီ။
ခပ်ဝေးဝေးဆီကတရားသံနှင့်အတူ မောင့်ရဲ့ခြိမ်းခြောက်သံအေးစက်စက်ကနားထဲမှာ ဆန့်ကျင်စွာပင်ဒွန့်တွဲဝင်ရောက်လာလျက်ရှိ၏။
ဘဝမှာအတောင့်တခဲ့ရဆုံးဖြစ်တဲ့ မောင်နဲ့တူတူနေရဖို့က လျင်မြန်စွာဘဲ လေပြေထံရောက်ရှိလာတယ်။ နှိပ်စက်ဖို့လက်ထပ်တာဆိုတဲ့မောင့်ရဲ့အေးစက်စက်စကားသံနဲ့ ရွံမုန်းမှုတွေပြည့်နေတဲ့မောင့်ရဲ့အကြည့်ရိုင်းတွေသာမပါခဲ့ဘူးဆို ခုချိန်မှာလောကမှာအပျ်ောဆုံးလူက လေပြေဖြစ်နေလိမ့်မည်မှာအသေအချာ။နာရီကိုကြည့်မိတေ့ာလေးနာရီခန့်.. မကြာခင်မှာမောင်ချိန်းထားတဲ့အချိန်ရောက်လာတေ့ာမယ်။ မိမိကိုအလိုလိုက်ကာချစ်ပ့ါမယ်ဆိုသော ပိုင့်နားတွင်နေခဲ့ရမည်လား၊ ဒါမှမဟုတ် မိမိကိုနည်းနည်းလေးမျှမချစ်ခဲ့သောမောင့်နောက်ကိုကောက်ကောက်ပါအောင်အရဲစွန့်လိုက်သွားရမည်လား။
မောင်ဟာ ပျိုတိုင်းကြိုက်ခံရတဲ့လူပီပီ ပိုင့်ထက်အစစအရာရာသာရှာသူဖြစ်လိမ့်မည်။ ဒါပေမယ့် မောင့်ရဲ့မချစ်တတ်ခြင်းက အကြီးမားဆုံးအားနည်းချက်ဖြစ်လိမ့်မည်။
ပြီးတော့ မောင့်ကိုမှရူးအောင်ချစ်မိခြင်းသည်..လေပြေရဲ့အမှားဆုံး ချို့ယွင်းချက်တစ်ခုဖြစ်လေသည်။
မျက်ဝန်းထဲမှမျက်ရည်စတချို့ ခေါင်းအုံးဖြူဖြူပေါသို့ခုန်ပေါက်ကာ ပြေးဆင်းသွားလေ၏။ ငါက မျက်ရည်သိပ်လွယ်တယ်မောင်.. မောင်က ငါငိုတာကိုသိပ်သဘောကျတယ်မလား။ ငါ မောင်ပျ်ောဖို့အတွက် အများကြီးငိုပေးနိုင်တာပေ့ါ။
ဘယ်လိုလဲမောင်.. ဒီလောက်ဆို င့ါမောင့်ရဲ့ပါရမီဖြည့်ဘက်ဖြစ်နိုင်မလားဟင်.. ဒါမှမဟုတ် မောင့်ရဲ့ပျ်ောတ်ောဆက်ဖြစ်ဖို့ အရည်အချင်းမှီရက်လားဟင်။
မှတ်ပုံတင်နဲ့အဝတ်အစားတချို့ကို လွယ်အိတ်ထဲတိတ်တဆိတ်ထည့်ရင်း ခြေဖွနင်းကာအပေါ်ထပ်သို့တက်လာလိုက်၏။ တစ်ယောက်အိပ်ခြင်ထောင်ထဲက အဖေ့ကိုဦးတင်ကာကန်တေ့ာလိုက်သည်။
YOU ARE READING
မောင့်လေပြေ (Completed)
Romanceကျောင်းစိမ်းဘဝကနေ အရွယ်ရောက်လာတဲ့အထိ ပြဿနာတွေကြားထဲကနေ မြဲမြဲမြံမြံချစ်သွားကြတဲ့ကောင်လေးနှစ်ယောက်ကြားက နွေးထွေးတဲ့ရပ်ဝန်းငယ်လေးအကြောင်း... ပြီးတော့ ထားရာနေ၊ စေရာသွားပြီး သိပ်ချစ်တတ်တဲ့ ဒုတိယလူကောင်လေးရဲ့တဖက်သတ်အချစ်တွေအကြောင်းပေါ့ 🤍 #Unicode ကျောင်...