အပိုင်း(၃၈)

1.4K 61 7
                                    

နမ့်မွန်ရေတံခွန်ခရီးစဥ်...။

နမ့်မွန်ရေတံခွန်ကတော့ ခွန်ပြည့်လဲလာနေကျနေရာမို့ လမ်းပြမခေါ်ဖြစ်တော့ပေ။ ရေတံခွန်သွားနေရမှန်းသိတဲ့လေပြေ့ရဲ့ခြေလှမ်းတွေဟာ အရင်တစ်ခေါက်ထပ်ပိုလို့သွက်လက်နေ၏။

ပင်လောင်းမြို့ကနေ နှစ်နာရီလောက်ကားစီးပြီးနောက် စက်လှေထပ်စီးရသည်။ ဆိပ်ကမ်းကနေ လမ်းထပ်လျှောက်ချိန်မှာ ခွန်ပြည့် လေပြေကိုအရိပ်တကြည့်ကြည့် ကြည့်နေမိသည်။

လေပြေရဲ့အကျင့်ဟာ သူသဘောကျတဲ့အရာနဲ့ပက်သက်လာပြီဆို ပြာညို့သောမျက်၀န်းအိမ်လေးဟာ အရောင်တွေလျှံကျတော့မတတ် လက်နေခဲ့ခြင်းသာ။ သူဟာလဲ ထိုမျက်၀န်းတွေမြင်ရဖို့ဆို အရာရာလိုက်လျောပေးခြင်းမိသည်မှာ အမှန်။

"လျှောက်နိုင်သေးလား လေပြေ"

"အင်း . မောင်မောလို့လား နားမလား"

"မမောပါဘူးကွာ. မောင်က တောပေါ်သားပါကွ"

"မောင်ဘဲ ကလေးဘ၀က ခဏဘဲနေဖူးတာဆို"

"အင်းလေ. ဒါပေမယ့် မောင်က ဒီမှာမွေးတာလေ"

မောင်က ရှင်းပြရင်းက လေပြေ့လက်ကိုလှမ်းဆွဲ၏.. ရေတံခွန်ကိုသွားရတာမို့ ပျော်တာထက် မောင်နဲ့နှစ်ယောက်ထဲ လွတ်လပ်စွာသွားရတာမို့ လေပြေပိုပျော်မိ၏။ လူသူကင်းမဲ့နေတဲ့တော၊ သက်တမ်းကြာရှည်နေတဲ့သစ်ပင်စိမ်းတွေကြားမှာ မောင်နဲ့သူနဲ့နှစ်ယောက်ထဲလျှောက်နေရခြင်းဟာ တိတ်ဆိတ်၏. ပြီးတော့ နွေးထွေးသည်။

ရေစီးဆင်းသံကြားရချိန်မှာ လေပြေခြေလှမ်းတွေပိုမိုမြန်ဆန်သွားမိတော့ မောင်က လေပြေ့ခေါင်းလေးကိုအုပ်မိုးကာ လှမ်းဖွလိုက်ရင်း

"ရေတံခွန်ကို အဲ့လောက်တောင်ကြိုက်လား"

"အင်း"

"‌မောင်နဲ့ဆိုရင်ရော.."

"‌မောင့်ကို"

"ဟား. ဟား တကယ်မစဥ်းစားတော့ဘူးပေါ့"

"ဟင့်အင်း. ကမ္ဘာပေါ်မှာ ငါသဘောအကျရဆုံး သက်ရှိ၊ သက်မဲ့က မောင်တစ်ယောက်ဘဲ"

ခွန်ပြည့် ကြည်နူးစွာပြုံးလိုက်မိသည်။ ဒီကောင်လေးက သူ့ကိုချစ်ကြောင်း ရိုးရှင်းစွာ၀န်ခံတိုင်း သူ့မှာ လေပြေ့အပေါ်ချစ်ရတဲ့စိတ်ဟာ ပိုလို့နစ်၀င်ရစမြဲ။ သူ့ကိုချစ်မှန်းသိပေမဲ့ မျက်၀န်းလှလှလေးတွေဟာ တခြားအရာတစ်ခုအတွက် အရောင်တောက်သွားတိုင်း သူ့မှာကြိတ်သ၀န်တိုမိရသည်။

မောင့်လေပြေ (Completed)Where stories live. Discover now