အပိုင်း(၈)

1.4K 97 1
                                    

နေ၀န်းရဲ့အပူရှိန်သည် ကျောင်းရဲ့ကွင်းပြင်ပေါ်သို့ အတားအစီးမဲ့ကျဆင်းနေခဲ့လျက်..။ ကျောင်းဆင်းချိန်ဖြစ်၍ ကျောင်းပတ်၀န်းချင်တွင် အတန်းကြီးရော၊ အတန်းငယ်ရော ရောယှက်ရှုပ်ထွေးနေခဲ့၏။

သူတို့အတန်းကြီးတွေအကုန်ကျောင်းဆင်းပြီးကာမှ အတန်းငယ်တွေက၀င်ကြရသည်။ အောင်ကျော်ကစက်ဘီးတွန်းရင်းလိုက်ပါလာပေမဲ့ ဘုန်းခန့်ကတော့စက်ဘီးပါမလာ.. စက်ဘီးမရှိ၍မဟုတ်ဘဲ လေပြေ့ကိုအားနာသောကြောင့်ဖြစ်သည်။

"သဘက်ခါ စာမေးပွဲနော်"

"အေးလေ မင်းပြောနေတာဒီနေ့နဲ့တင် ၁၀၈ခေါက်ရှိပြီ.. တော်တော်ပျော်နေလား"

"မဟုတ်ဘူး ကြောက်လို့"

"ထင်ပါတယ်"

အောင်ကျော်က ဘုန်းခန့်ကိုကြည့်ရင်း မဲ့ရွဲ့ကာဆို၏။ ဘုန်းခန့်ကသွားလေးဖြီးရင်းရယ်ပြတော့အောင်ကျော်ကမျက်နှာလွှဲသွားသည်။

"လေပြေ ခဏ"

လှုပ်ယမ်းနေမိတဲ့သူ့ရဲ့ဘယ်လက်လေးကိုလှမ်းဆွဲသောလူအားပြန်ကြည့်မိတော့ခွန်ပြည့်..။

"ဘာဖြစ်လို့လဲ"

"ပြောစရာရှိလို့"

"ဟမ်"

"အေး အေး ငါတို့သွားနှင့်မယ်ကွာ"

ခွန်ပြည့်ကအောင်ကျော့်ကိုမေးဆတ်ရင်းအချက်ပြတာမို့ အောင်ကျော်ကဘာမသိ၊ ညာမသိနဲ့ပင် ဘုန်းခန့်ကိုသိုင်းဖက်ရင်းထွက်သွား၏။ ပုံစံကြည့်ရတာတော့ ရန်ဖြစ်မဲ့ပုံမပေါ်တာမို့ စိတ်ချလက်ချထားခဲ့မိသည်။

သူတို့နားကဆရာမတစ်ယောက်ဖြတ်သွားတာမို့ လှမ်းနှုတ်ဆက်လိုက်ပြီးမှ

"ဘာဖြစ်လို့လဲ"

"၁၀တန်းကလူနဲ့မင်းက တော်တော်ခင်လား"

"အင်း"

နှစ်ယောက်တူတူတဖြည်းဖြည်းချင်းတွဲလျှောက်လာမိတော့ မိန်းကလေးတွေကကွက်ကြည့်၊ ကွက်ကြည့်။ သူတို့နှစ်ယောက်ကိုကြည့်တယ် လို့ဆိုခြင်းထက် ခွန်ပြည့်ကိုငေးမောခြင်းဖြစ်ပေလိမ့်မည်။ ရှမ်းရဲ့အမျိုးသားသူဌေးသားလေးခွန်ပြည့်ဟာ တကယ်ပင်ငေးမောပစ်ချင်စရာကောင်းနေခဲ့တာမို့..။

မောင့်လေပြေ (Completed)Where stories live. Discover now