မောင်နဲ့တစ်မနက်ခင်းလုံးစကားများပြီးနောက်မှာတော့ ရေတံခွန်သွားမယ့်အစီအစဥ်ကိုဖျက်သိမ်းလိုက်၏။
မောင့်လက်ကဒဏ်ရာကိုဆေးခန်းပြဖို့ချော့မော့ပြောပေမယ့် ဂျစ်ကန်လွန်းတဲ့မောင့်ကြောင့် မန်နေဂျာကိုအကူအညီတောင်းကာ ဆေး Box လေးဖြင့်ပင် ဇာတ်လမ်းပြီးခဲ့ရသည်။
သူ့ကိုယ်သူမညှာမတာနံရံနဲ့လက်သီးကိုမိတ်ဆက်ထားတဲ့မောင်ဟာ ဆေးထည့်ပေးချိန်မှာ တချိန်လုံးရှုံ့မဲ့မဲ့ဖြစ်နေတာမို့ လေပြေကမျက်စောင်းခဲမိသေးသည်။
"ခုကျ နာတတ်လား"
"အင်း"
မောင်က ခေါင်းညိတ်ရင်းဖြေတာမို့ လေပြေမှာကြိတ်ပြုံးမိရသည်..မောင်ဟာ မောင်ပါဘဲ။ လူကြီးဆန်မယောင်နဲ့ ကလေးဆိုးကြီးမောင်ပင်။ ဆေးထည့်ပေးပြီး ပတ်တီးဖွေးသောမောင့်လက်ကို ကိုင်ကြည့်ရင်း လေပြေပင့်သက်ရှိုက်မိ၏။
"မောင်"
"ဗျာ"
"မောင် ငါ့ကိုသိပ်ချစ်သလား"
"မောင့်အသက်ထက် ပိုပါတယ်"
"ဒါဆို ငါတောင်းဆိုတာကိုလိုက်လျောပေးပါလားဟင်"
"အင်း လေပြေဘာလိုချင်လို့လဲ"
"မောင့်ခန္ၑာကိုယ်"
"ဟင်"
မောင်က မျက်လုံးလေးပင်ပြူးသွားကာ မသက်မသာပြုံးသွားပြီး လေပြေ့လက်ထဲမှ သူ့လက်လေးကိုချက်ချင်းပြန်ရုတ်သွားရင်း ဂုတ်လေးကိုပွတ်နေ၏။
"မောင် ပေးမယ်မလား"
"ဟိုဟာ..ဒါကကွာ လေပြေ ဟို မပျော်ဘူးလား.မောင်ပြောချင်တာကွာ. လေပြေ့ကို မောင်ကအရမ်းချစ်တယ်"
"အင်း ငါသိတယ်လေ"
"အင်း..ဒါပေမယ့်ကွာ မောင်က. မောင်အတ္တကြီးတာမဟုတ်ပါဘူး။ ဒါကတော့ မောင့်အတွက်ခက်တယ်ကွာ သိလား"
လေပြေ့မျက်နှာလေးညိုးကျသွားလေတော့ ခွန်ပြည့်မှာနေမထိ ထိုင်မသာ။ တစ်သက်နဲ့တစ်ကိုယ်မစဥ်းစားခဲ့ဖူးလေသော ကိစ္စ. ဒီဖြူဖြူသေးသေးကောင်လေးက သူ့ကို အင်း..။ ခွန်ပြည့်စိတ်ကိုတင်းလိုက်၏. လေပြေလိုချင်တာမှန်သမျှ အကုန်လိုက်လျောချင်ပေမယ့် ဒါကတော့။
![](https://img.wattpad.com/cover/286179862-288-k452990.jpg)
VOUS LISEZ
မောင့်လေပြေ (Completed)
Roman d'amourကျောင်းစိမ်းဘဝကနေ အရွယ်ရောက်လာတဲ့အထိ ပြဿနာတွေကြားထဲကနေ မြဲမြဲမြံမြံချစ်သွားကြတဲ့ကောင်လေးနှစ်ယောက်ကြားက နွေးထွေးတဲ့ရပ်ဝန်းငယ်လေးအကြောင်း... ပြီးတော့ ထားရာနေ၊ စေရာသွားပြီး သိပ်ချစ်တတ်တဲ့ ဒုတိယလူကောင်လေးရဲ့တဖက်သတ်အချစ်တွေအကြောင်းပေါ့ 🤍 #Unicode ကျောင်...